သင့်ကလေးတွင် တီဘီရောဂါရှိနေချိန်တွင်
တီဘီရောဂါ (TB) သည် ဘက်တီးရီးယား (ရောဂါပိုးများ) ကြောင့်ဖြစ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့နိုင်သည်။ ၎င်းကို သေးငယ်သည့်အမှုန်အမွှားများဖြင့်လေထဲမှ သယ်ဆောင်သွားသည်။ အများစုမှာ TB ရောဂါပိုးသည်အဆုတ်သို့ကူးစက်တတ်သော်လည်း ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကိုလည်း ကူးစက်နိုင်သည်။ ကောင်းစွာမကုသလျှင် TB သည်အသက်သေဆုံးနိုင်သည်။ TB အမျိုးအစားနှစ်မျိုးရှိသည်၊ ငုပ်လျှိုး (ရောဂါလက္ခဏာမပြခြင်း) နှင့် ရောဂါလက္ခဏာပြခြင်းဟူ၍ဖြစ်သည်။ TB ရောဂါရှိသူကလေးအများစုတွင် ရောဂါလက္ခဏာမပြသည့်ပုံစံရှိသည်။
 |
တီဘီဘက်တီးရီယားသည် လေထဲမှတစ်ဆင့် လူတစ်ယောက်မှ တစ်ယောက်သို့ ပျံ့နှံ့သည်။ |
ရောဂါလက္ခဏာမပြသည့် (ငုပ်လျှိုး) TB
သင့်ကလေးတွင် ရောဂါလက္ခဏာပြသည့် TB ရှိပါက ၎င်းအဓိပ္ပာယ်မှာ၊
-
သင့်ကလေးတွင် အဆုတ်ထဲတွင် TB ဘက်တီးရီးယားပိုးရှိသော်လည်း အနာဖေးဖုံးနေသည့် ဒဏ်ရာလို ရောဂါပိုးမွှားကို အလုံပိတ်နေခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သင့်ကလေးတွင် လက္ခဏာများသို့မဟုတ် ဖျားခြင်းမရှိပါ။ သင့်ကလေးတွင် ငုပ်လျှိုး TB ရှိကြောင်း သိနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ TB စစ်ဆေးမှုဖြင့် ဖြစ်သည်။
-
အခြားသူများသို့ ရောဂါကူးစက်မှုမပျံ့နိုင်ပါ။
-
နောင်တစ်ချိန်တွင် ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် သူတို့သည် ဆေးဝါးသုံးရန်လိုလိမ့်မည်။
ရောဂါလက္ခဏာပြသည့် TB
သင့်ကလေးတွင် ရောဂါလက္ခဏာပြသည့် TB ရှိပါက ၎င်းအဓိပ္ပာယ်မှာ၊
-
ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ ပင်ပန်းခြင်း (နွမ်းလျခြင်း)၊ အဖျားရှိခြင်း၊ ညဘက်ချွေးများထွက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ကဲ့သို့ TB ရောဂါလက္ခဏာများပြသည်။ သင့်ကလေးသည် အလွန်ဖျားနာဖွယ်ရှိသည်။
-
အဆုတ် သို့မဟုတ် လည်ချောင်းတွင် TB ပိုးရှိပါက အခြားသူများအား ရောဂါကူးစက်ပျံ့နှံ့နိုင်သည်။
-
ထိုရောဂါကိုကုသရန် အထောက်အကူပြုမည့်ဆေးဝါးသောက်သုံးရမည်။
TB သည်မည်သို့ပျံ့နှံ့သနည်း။
အဆုတ်များ သို့မဟုတ် လည်ချောင်းတွင် TB ရောဂါရှိသူတစ်ဦးမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် စကားပြောခြင်းများပြုလုပ်သည့်အခါ TB ဘက်တီးရီးယားများသည် လေထဲသို့ သေးငယ်သည့်အမှုန်များအဖြစ်ရောက်ရှိသွားသည်။ ထိုရောဂါပိုးများသည် အထူးသဖြင့် လေဝင်လေထွက်မကောင်းသည့် လူထူထပ်သည့်နေရာများတွင် အလွယ်တကူ ပျံ့နှံ့သည်။ TB ရောဂါရှိသူတစ်ဦးနှင့် အနီးကပ်ဆက်ဆံပြီး ရက်သတ္တပတ်နှင့်အထက်ကြာအောင် ရောဂါပိုးများကိုရှူရှိုက်မိသည့်ကလေးများသည် ရောဂါကူးစက်နိုင်ခြေရှိသည်။ အောက်ပါအတိုင်းဖြစ်ပါက ထိုကလေးများသည် TB ရောဂါဖြစ်နိုင်ခြေအထူးရှိသည်၊
-
TB ရောဂါရှိသူတစ်ဦးနှင့် နေ့စဉ်အတူဖြတ်သန်းခြင်း
-
ရောဂါပိုးအလွယ်တကူပျံ့နှံ့တတ်သည့် အဆောက်အအုံ သို့မဟုတ် အုပ်စုအိမ် ကဲ့သို့ လူထူထပ်သည့်နေရာတွင်နေခြင်း
-
TB အဖြစ်များသည့် နိုင်ငံသို့ခရီးသွားခြင်း သို့မဟုတ် ထိုသို့အဖြစ်များသည့်နိုင်ငံမှလာခြင်း
-
ခုခံအားစနစ်အားန်းခြင်း သို့မဟုတ် HIV ရောဂါရှိခြင်း
TB ရောဂါလက္ခဏာများမှာအဘယ်နည်း။
ကလေးများရှိ ရောဂါလက္ခဏာများတွင် ပါဝင်နိုင်သည်မှာ၊
-
အဖျားရှိခြင်း
-
ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း
-
ကိုယ်အလေးချိန်ကျဆင်းခြင်း
-
ညဘက်ချွေးများထွက်ခြင်း
-
အားနည်းခြင်း
-
စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း
-
ဂလင်းများ ကြီးမားလာခြင်း
အဆုတ်ထဲ TB ရောဂါကူးစက်မှုလက္ခဏာများတွင်ပါဝင်သည်မှာ၊
TB ရောဂါကို မည်သို့ရှာဖွေဖော်ထုတ်သနည်း။
ငုပ်လျှိုး TB ရောဂါကူးစက်မှုကိုတွေ့ရှိနိုင်သည့် စစ်ဆေးမှုနှစ်မျိုးရှိသည်၊
-
အရေပြားစစ်ဆေးမှု (PPD)။ စစ်ဆေးမှုအဖြေတုံ့ပြန်မှုတစ်ခု (တောင့်တင်းခြင်း၊ အနီကွက်ဖြစ်ခြင်းကဲ့သို့) ရှိလား သိရှိရန် သင့်ကလေး၏လက်မောင်းအရေပြားအောက်တွင်သာ စစ်ဆေးမှုအဖြေကိုထားသည်။ သင့်ကလေးသည် လက်မောင်းစစ်ဆေးပြီး 2 သို့မဟုတ် 3 ရက်အတွင်း ရုံးသို့ပြန်လာရန်လိုအပ်လိမ့်မည်။ ထိုရက်ချိန်းကို သေချာလာပါ။ ထိုသို့လာရောက်စဉ် စစ်ဆေးမှုရလဒ်များကိုသိရလိမ့်မည်။
-
သွေးစစ်ခြင်း။ ထိုစစ်ဆေးမှုတွင် သွေးပမာဏအနည်းငယ်ကိုယူပြီး စစ်ဆေးရန်ဓာတ်ခွဲခန်းတစ်ခုသို့ပို့ပါ။ သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် ထိုစစ်ဆေးချက်သည် သင့်ကလေးအတွက်မှန်ကန်လားဆိုသည်ကိုပြောနိုင်သည်။
TB ရောဂါပိုးအတွက် နမူနာများကို ခန္ဓာကိုယ်၏ဆက်စပ်ဧရိယာ (ဟက်ထုတ်လိုက်သည့်ချွဲ၊ ပြည် သို့မဟုတ် အသားစ ကဲ့သို့) မှရယူပြီး TB ရောဂါပိုးရှိလားသိရှိရန် ထိုနမူနာများကို စစ်ဆေးမှုပြုလုပ်သည်။
စစ်ဆေးမှုရလဒ်သည် မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။
-
အနုတ်လက္ခဏာရှိသည့်အရေပြား သို့မဟုတ် သွေး TB စစ်ဆေးမှုသည် များသောအားဖြင့် သင့်ကလေး၏ခန္ဓာကိုယ်သည် TB ဘက်တီးရီးယားမရှိဟုအဓိပ္ပာယ်ရသည်။
-
ရောဂါပိုးရှိသည့်ရလဒ်များသည် သင့်ကလေးတွင် TB ဖြစ်စေသည့်ရောဂါပိုးများနှင့်ထိတွေ့ဖူးနိုင်ခြေများသည်ဟုဆိုလိုသည်။ PPD ပေါ့စတစ်ကို အတည်ပြုရန် ၎င်းဆေးစစ်မှုကို ထပ်ကာထပ်ကာပြုလုပ်ရန် လိုအပ်နိုင်သည်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းကဲ့သို့ အခြားစစ်ဆေးမှုများသည် ထိုရောဂါကူးစက်မှုလက္ခဏာပြခြင်းရှိမရှိသိရန်လိုအပ်သည်။ သင့်ကလေး၏ ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် သင့်ကလေးချောင်းဆိုးသည့်အခါ သလိပ်မှထွက်သည့် အစာအိမ်အရည်များ သို့မဟုတ် ချွဲများ (သလိပ်များ)၏ နမူနာတစ်ခုကိုလည်း ယူနိုင်သည်။ ထိုနမူနာများကို TB ဘက်တီးရီးယားအတွက် ဓာတ်ခွဲခန်းတစ်ခုသို့ပို့ပြီး စစ်ဆေးသည်။ ၎င်းသည် သင့်ကလေးအတွက် အကောင်းဆုံးဆေးကို ကျန်းမာရေးပြုစုစောင့်ရှောက်သူမှရွေးချယ်ရာတွင်အထောက်အကူပြုသည်။
TB ကိုမည်သို့ကုသသနည်း။
ငုပ်လျှိုးနှင့် လက္ခဏာပြသည့် TB နှစ်မျိုးလုံးကို ပဋိဇီဝဆေးများဖြင့်ကုသသည်။ လက္ခဏာပြသည့် TB ရောဂါရှိသည့်ကလေးများသည် အချိန်ပိုကြာကြာ ပဋိဇီဝဆေးများပို၍သောက်သုံးရသည်။ သင့်ကလေးသည် စတင်ကုသပြီးသည့်နောက် မကြာခင်မှာ ပို၍သက်သာလာမှာဖြစ်သည်။ သို့သော် သင့်ကလေးသည် ညွှန်းထားသည့်ဆေးအားလုံးကို ဆက်လက်သောက်ရမည်ဖြစ်သည်။ ၎င်းသည် ထိုရောဂါကိုကုသရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဆေးအားလုံးမသောက်ခြင်းသည် သင့်ကလေး နေမကောင်းဖြစ်ပြီး အခြားသူများထံ ရောဂါကူးစက်နိုင်သည်။
DOT ဆိုသည်မှာအဘယ်နည်း။
ကုသမှုခံယူစဉ်တွင်၊ သင့်ကလေးသည် DOT (တိုက်ရိုက် စောင့်ကြည့်သည့်ကုထုံး) ဟုခေါ်သည့်အစီအစဉ်တွင်ပါဝင်ရန် ကမ်းလှမ်းခြင်း သို့မဟုတ် လိုအပ်ခြင်းရှိနိုင်သည်။ ထိုအစီအစဉ်တွင် သူနာပြု သို့မဟုတ် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ သင့်ကလေးအားဆေးပေး၍ ၎င်းကိုသောက်မသောက် စောင့်ကြည့်သည်။ DOT သည်လက္ခဏာပြသည့် TB ရှိသူများတွင် ပိုမိုကောင်းမွန်သည့်ပျောက်ကင်းနှုန်းဖြစ်ပေါ်စေကြောင်းပြသထားပြီး အထူးသဖြင့် အဆုတ်ပိုးဝင်သည့်အခါကဲ့သို့ လက္ခဏာပြသည့် TB ရောဂါကူးစက်မှုပုံစံများတွင်အရေးကြီးသည်။
အိမ်တွင် သင့်ကလေးအားစောင့်ရှောက်ခြင်း
သင့်ကလေးအား လက္ခဏာပြသည့် TB မှ အပြည့်အဝပြန်သက်သာလာရန် သို့မဟုတ် ငုပ်လျှိုး TB ကိုကုသရန်၊
-
ရောဂါလက္ခဏာများတိုးတက်သည့်အခါတွင်ပင် သင့်ကလေးသည် ညွှန်ကြားထားသည့်ဆေးအားလုံးကိုသောက်ရန်သေချာကြည့်ပါ။ သင့်ကလေးသည် ထိုဆေးကို 4 မှ 6 လအထိ သို့မဟုတ် ၎င်းထက်ပို၍သောက်သုံးရလိမ့်မည်။ ထိုအချိန်ဇယားကိုလိုက်နာရန် စိတ်ရှည်ဖို့လိုသည်။ သို့သော် ဆေးဝါးကိုစောစောရပ်တန့်ခြင်း သို့မဟုတ် ဆေးသောက်ရန်ပျက်ကွက်ခြင်းသည် သင့်ကလေးအား နာမကျန်းဖြစ်စေသည်။ ထို့ပြင် ၎င်းသည် ပို၍ဆိုးရွားပြီး ကုသရပိုခက်သည့် TB ရောဂါပိုးများကိုဖြစ်ပေါ်စေနိုင်သည်။
-
လေဝင်လေထွက်ကောင်းသည့်အခန်းတစ်ခန်းတွင် သင့်ကလေး အိပ်ရန်စီစဉ်ပါ။
-
သင့်ကလေးသည် လုံလောက်စွာအနားယူပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများစားသုံးရန် ဂရုစိုက်ပါ။ လတ်ဆတ်သည့်သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၏ အာဟာရပြည့်ဝသည့်အစားအစာသည် ခန္ဓာကိုယ်မှ ရောဂါကိုတိုက်ဖျက်ရန်အထောက်အကူပြုသည်။
-
ညွှန်းမထားသည့် ဆေးစာ သို့မဟုတ် ဆေးဆိုင်မှဆေးများမသုံးမီ သင့်ကလေး၏ ကျန်းမာရေးပြုစုစောင့်ရှောက်သူနှင့်စစ်ဆေးပါ။ သင့်ကလေးအား ချောင်းဆိုးပျောက်ဆေးရည်မတိုက်ရပါ။ ၎င်းသည် အထောက်အကူမဖြစ်ဘဲ အန္တရာယ်ဖြစ်နိုင်သည်။
နောက်ဆက်တွဲ ပြုစုကုသမှုများ
သင့်ကလေးသည် နောက်ဆက်တွဲ စစ်ဆေးမှုများကို သေချာစွာခံယူပါ။ ထိုအရာများသည် ထိုဆေး၏အာနိသင်၊ ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့် ကုသပြီး သင့်ကလေး၏ TB ပုံစံပိုသက်သာလာကြောင်းသေချာစေသည်။
လက္ခဏာပြသည့် TB ပျံ့နှံ့မှုကို ကာကွယ်ခြင်း
အဆုတ်များ သို့မဟုတ် လည်ချောင်းတွင် လက္ခဏာပြသည့် TB သင့်ကလေးတွင်ရှိသည့်အခါ အခြားသူများ ဘေးကင်းစေရန်၊
-
သင့်ကလေးနှင့်အနီးကပ်ဆက်ဆံသည့် မိသားစု၊ သူငယ်ချင်းများနှင့် အခြားတစ်ယောက်ယောက်အား စစ်ဆေးမှုခံယူရန် တောင်းဆိုပါ။ သင့်ကလေးတွင် လက္ခဏာပြသည့် TB ရှိပါက ထို TB ရောဂါပိုးများသည် အခြားသူများထံ ကူးစက်နိုင်သည်။
-
အထူးသဖြင့် ချောင်းဆိုးပြီးသည့်နောက် သူတို့၏လက်များကို မကြာခဏဆေးရန် သင်ပေးပါ။
-
သင့်ကလေးအား တစ်ရှူးတွင်းသို့ ချောင်းဆိုးခိုင်းပါ။
-
တစ်ရှူးများနှင့် အခြားထောက်ပံ့ပစ္စည်းများကို လွှင့်ပစ်ရန် ပလတ်စတစ်အိတ်ကိုသုံးပါ။
သင့် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူကို ခေါ်ရမည့်အချိန်
သင့်ကလေးသည်အောက်ပါတို့ဖြစ်ပါက ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ချက်ချင်းဖုန်းခေါ်ပါ၊
-
ချောင်းအရမ်းဆိုးခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်း
-
ရင်ဘတ်အောင့်ခြင်း
-
အသက်ရှုရက်ခက်ခြင်း
-
ညဘက်ချွေးထွက်များခြင်းသည် တိုးတက်မှုမရှိခြင်း သို့မဟုတ် ပျောက်ပြီးပြန်ပေါ်ခြင်း
-
အဖျားရှိခြင်း (အောက်တွင် ဖျားနာခြင်းနှင့်ကလေးငယ်ကို ကြည့်ပါ)
ဖျားနာခြင်းနှင့်ကလေးငယ်
သင့်ကလေးကိုယ်ပူချိန်တိုင်းရန် ဒစ်ဂျစ်တယ်သာမိုမီတာကို အသုံးပြုပါ။ ပြဒါးတိုင်သာမိုမီတာကို အသုံးမပြုပါနှင့်။ ဒစ်ဂျစ်တယ်သာမိုမီတာအမျိုးမျိုးနှင့်အသုံးပြုပုံအမျိုးမျိုးရှိပါသည်။ ၎င်းတို့တွင် ပါဝင်သည်များမှာ၊
-
စအိုကိုတိုင်းခြင်း။ 3 နှစ်အောက်ငယ်သည့်ကလေးငယ်များအတွက် စအိုတိုင်းသာမိုမီတာက အတိကျဆုံးဖြစ်ပါသည်။
-
နဖူးကိုတိုင်းခြင်း (နားထင်)။ ၎င်းသည် အသက် 3 လနှင့်အထက်ကလေးငယ်များအတွက် ဖြစ်သည်။ အသက် 3 လအောက်ကလေးငယ်တစ်ယောက်သည် ဖျားနာသည့်လက္ခဏာရပ်များရှိလျှင် ၎င်းကို ပထမဆုံးအကြိမ်အတွက်သာ အသုံးပြုနိုင်သည်။ ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် စအိုတိုင်းသာမိုမီတာဖြင့် အတည်ပြုကောင်းပြုမည်။
-
နား(နားစည်လွှာ)။ အသက် 6 လအရွယ်နောက်ပိုင်းအတွက် သာမိုမီတာတိုင်းသည် တိကျသော်လည်း ထိုအရွယ်မတိုင်ခင်အထိတော့ မဟုတ်ပါ။
-
ချိုင်း (ချိုင်းကြား)။ ၎င်းသည် စိတ်ချရမှုအနည်းဆုံးဖြစ်သော်လည်း အဖျားလက္ခဏာရှိသည့် အသက်အရွယ်မရွေးကလေးကို စစ်ဆေးရန် ပထမဆုံးတိုင်းတာမှုအဖြစ် အသုံးပြုနိုင်သည်။ ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် စအိုတိုင်းသာမိုမီတာဖြင့် အတည်ပြုကောင်းပြုမည်။
-
ပါးစပ် (ပါးစပ်ထဲတိုင်းခြင်း)။
သင့်ကလေး အသက် 4 နှစ်မပြည့်မချင်း သာမိုမီတာကို သင့်ကလေးပါးစပ်ထဲသို့ ထည့်မတိုင်းပါနှင့်။
စအိုတိုင်းသာမိုမီတာကို ဂရုတစိုက်ကိုင်တွယ်အသုံးပြုပါ။ မှန်ကန်စွာအသုံးပြုနိုင်ရန်အတွက် သာမိုမီတာထုတ်လုပ်သူ၏ အညွှန်းအတိုင်း လိုက်နာပါ။ ဖြည်းညင်းစွာ ထည့်ပါ။ နာမည်တပ်ထားပြီး ၎င်းကို ပါးစပ်ထဲသို့ မထည့်မိစေရန် သတိထားပါ။ မစင်မှပိုးမွှားများ ဝင်ရောက်သွားနိုင်သည်။ စအိုတိုင်းသာမိုမီတာကို အသုံးပြုရတာ အဆင်မပြေဘူးဟု ခံစားရလျှင် ၎င်းအစား မည်သည့်အမျိုးအစားကို အသုံးပြုနိုင်ကြောင်းကို ကျန်းမာရေးပြုစုစောင့်ရှောက်သူကို မေးပါ။ သင့်ကလေးအဖျားနှင့်ပတ်သက်၍ ကျန်းမာရေးပြုစုစောင့်ရှောက်သူတစ်ဦးဦးနှင့် ပြောဆိုဆွေးနွေးသည့်အခါ သင်သုံးသည့်အမျိုးအစားကို ပြောပြပါ။
သင့်ကလေးတွင် အဖျားရှိလျှင် အောက်ပါသည် ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ခေါ်ရမည့်အချိန်ဖြစ်သည်။ သင့်ကလေး၏ ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် သင့်ကို မတူသည့် နံပါတ်များပေးနိုင်သည်။ ၎င်းတို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
သင့်ကလေးတွင် အဖျားရှိလျှင် ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ခေါ်ရမည့်အချိန်
3 လသားအောက်သင့်ကလေးငယ်အတွက်၊
-
ပထမဆုံး ကိုယ်ပူချိန်ကို ဘယ်နေရာတိုင်းသင့်လဲဆိုတာ သင့်ကလေးငယ်၏ကျန်းမာရေးပြုစုစောင့်ရှောက်သူကို မေးပါ။
-
စအို သို့မဟုတ် နဖူး၊ 100.4°F(38°C) သို့မဟုတ် ထိုထက်ပိုများခြင်း
-
ချိုင်းကြား၊ 99°F(37.2°C) သို့မဟုတ် ထိုထက်ပိုများခြင်း
-
ပြုစုစောင့်ရှောက်သူ အကြံပေးသည့်အတိုင်း အဖျား___________
3 လသားမှ 36 လ (3 နှစ်အရွယ်) ကလေးငယ်အတွက်၊
-
စအို သို့မဟုတ် နဖူး၊ 102°F (38.9°C) သို့မဟုတ် ထိုထက်ပိုများခြင်း
-
နားရွက် (အသက် 6 လအထက်အတွက်သာ အသုံးပြုပါ)၊ 102°F (38.9°C) သို့မဟုတ် ထိုထက်ပိုများခြင်း
-
ပြုစုစောင့်ရှောက်သူ အကြံပေးသည့်အတိုင်း အဖျား___________
ထိုအဖြစ်မျိုးတွင်၊
-
အသက်အရွယ်မရွေးကလေးငယ်တစ်ယောက်ကို ချိုင်းကိုတိုင်းသည့် ကိုယ်ပူချိန်သည် 103°F (39.4°C) သို့မဟုတ် ထိုထက်ပိုများနေလျှင်
-
အသက်အရွယ်မရွေးကလေးငယ်တစ်ယောက်၏ ကိုယ်ပူချိန်သည် 104°F (40°C) သို့မဟုတ် ထိုထက်ပိုများနေလျှင်
-
ပြုစုစောင့်ရှောက်သူ အကြံပေးသည့်အတိုင်း အဖျား___________
StayWell မှ ယခုပညာပေးအကြောင်းအရာကို နောက်ဆုံး လေ့လာသုံးသပ်ခဲ့သည့်နေ့မှာ 12/1/2022 ဖြစ်သည်
© 2000-2023 The StayWell ကုမ္ပဏီ၊ LLC။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ရထားသည်။ ဤသတင်းအချက်အလက်များသည် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာပြုစုကုသမှုနေရာတွင် အစားထိုးရန် ရည်ရွယ်ထားခြင်း မဟုတ်ပါ။ သင့် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသည့် ပညာရှင်များ၏ လမ်းညွှန်ချက်များကို အမြဲလိုက်နာပါ။