Related Reading
Search Clinical Content Search Health Library
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

သင်၏ကိုလက်စထရောနံပါတ်များကို နားလည်သဘောပေါက်ခြင်း

ကိုလက်စထရောသည် သွေးတွင်းရှိ အဆီ (လစ်ပစ်) အမျိုးအစားတစ်မျိုးဖြစ်သည်။ သင်၏ခန္ဓာကိုယ်သည် အသည်းထဲတွင် ကိုလက်စထရောကို ပြုလုပ်ပေးသည်။ ၎င်းကို အစားအစာအချို့က ရရှိနိုင်သည်။ သင်ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းသည့်ဆဲလ်များကို တည်ဆောက်ရန်အတွက် ကိုလက်စထရောအချို့လိုအပ်သည်။ သို့သော် ကိုလက်စထရောအလွန်အမင်းများခြင်းသည် သွေးကြောထဲတွင် စုပုံစေနိုင်သည်။ ၎င်းသည် ချိုးအဖြစ်သို့ ပြောင်းသွားသည်။ 

သင့်ကိုလက်စထရောမြင့်မားလေ နှလုံးတိုက်ခိုက်ခံရမှု၊ နှလုံးရောဂါ၊ သို့မဟုတ် လေဖြတ်နိုင်ခြေမြင့်မားလေ ဖြစ်သည်။ ထို့ကြောင့် သင့်ကိုလက်စထရောပမာဏကို သင်သိရန်လိုအပ်ပါသည်။ အကယ်၍ ၎င်းသည်များနေလျှင် အဆင့်ဆင့်လျှော့ချနိုင်သည်။

သွေးစီးဆင်းနေပုံပြသထားသည့် သွေးလွှတ်ကြော၏ ဖြတ်ပိုင်းပုံ။
သွေးလွှတ်ကြောများ ရှင်းလင်းနေသောအခါ သွေးစီးဆင်းမှုလွယ်ကူသည်။ သွေးလွှတ်ကြောနံရံများတွင် ကိုလက်စထရောများစုံပုံလာသည့်အခါ သွေးစီးဆင်းမှုနည်းလာသည်။

ကိုလက်စထရောစစ်ကြည့်ခြင်း

သင့်ကိုလက်စထရောကို ရိုးရိုးသွေးစစ်ဆေးမှုတစ်ရပ်ဖြင့် စစ်ဆေးထားသည်။ ထိုရလဒ်များက သင့်သွေးထဲတွင် ကိုလက်စထရောမည်မျှရှိသည်ကို ပြောပြလိမ့်မည်။ ထိုဆေးစစ်မှုမလုပ်ခင် သင် အစာစား၍ရမည်မဟုတ်ပါ။ ၎င်းကို ကနဦးသွေးချိုစစ်ခြင်းဟုတ်ခေါ်သည်။

သင်၏ကျန်းမာရေးပြုစုစောင့်ရှောက်သူ အကြံပေးသည့်အတိုင်း မကြာခဏ ဆေးစစ်ပါ။ အသက် 20 ကျော်သည်နှင့် စတင်၍ ဆေးစစ်ပါ။ သင့်တွင် ကိုလက်စထရောများနိုင်ခြေ သို့မဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေများလျှင် စောစီးစွာ ဆေးစစ်ပါ။ သင့်တွင် ဆီးချို သို့မဟုတ် ကိုလက်စထရောများလျှင် 3 လတစ်ကြိမ် သင်ဆေးစစ်ရန် လိုကောင်းလိုမည်။

 

သင့်ကိုလက်စထရော စုစုပေါင်းနံပါတ်

သွေးစစ်ဆေးမှုသည် သင့်သွေးထဲတွင် ကိုလက်စထရောစုစုပေါင်းပမာဏအတွက် နံပါတ်များကို ပေးလိမ့်မည်။ ထိုနံပါတ်များလေ သင့်သွေးကြောထဲတွင် ကိုလက်စထရောစုပုံမှုများလေဖြစ်သည်။ သင့်ကိုလက်စထရောသည် အလွန်အမင်းမြင့်နေလျှင်တောင် သင်သည် ကျန်းမာရေးပြဿနာများ ကြုံရနိုင်ခြေများပါသည်။

ကျွန်ုပ်၏ စုစုပေါင်းကိုလက်စထရောသည်၊ ________________

 

သင်၏အဆီနံပါတ်များ

စုစုပေါင်း ကိုလက်စထရောသည် ဤရုပ်ပုံ၏ 1 ပိုင်းမျှသာဖြစ်သည်။ ကိုလက်စထရောသည် မတူညီသည့်အဆီ (အဆီများ) အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည်။ အကယ်၍ သင့်ကိုလက်စထရောသည် မြင့်နေလျှင် သင့်အဆီဖြစ်တည်ပုံကို သိရန်အရေးကြီးသည်။

  • HDL (သိပ်သည်းမှုမြင့်မားသည့် လိုင်ပိုပရိုတင်း)။ ၎င်းကို "ကောင်းသည့်ကိုလက်စထရော" ဟုခေါ်သည်။ ထိုပရိုတင်းကိုယ်ထည်သည် သွေးကြောနံရံများနောက်တွင် ကျန်ခဲ့သည့် LDL ပိုနေသည့်ကိုလက်စထရောကို စုဆောင်းပေးသည်။ ထို့ကြောင့် HDL ပမာဏများခြင်းသည် သင့်အတွက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေနှင့် လေဖြတ်နိုင်ခြေကို နည်းစေသည်။ ကျွန်ုပ်၏ HDL ကိုလက်စထရောသည်၊  ________________

  • LDL (သိပ်သည်းမှုနည်းသည့် လိုင်ပိုပရိုတင်း)။ ၎င်းကို "မကောင်းသည့်ကိုလက်စထရော" ဟုခေါ်သည်။ ၎င်းသည် အဓိကအားဖြင့် ခန္ဓာကိုယ်ဆဲလ်များသို့ ကိုလက်စထရောကိုသယ်ဆောင်ပေးသည်။ သွေးလွှတ်ကြောနံရံများတွင် ပိုနေသည့် LDL သည်ကြီးထွားလာလိမ့်မည်။ ၎င်းမြင့်နေလျှင် သင်သည် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေရှိပါသည်။ ကျွန်ုပ်၏ LDL ကိုလက်စထရောသည်၊  ________________

  • ထရိုင်ဂလစ်စရိုဒ်။ သင့်ခန္ဓာကိုယ်သည် စွမ်းအင်သိုလှောင်ရန်အတွက် ၎င်းအဆီအမျိုးအစားကို အသုံးပြုပါသည်။ LDL ကိုလက်စထရောလိုပင် ၎င်းအဆီသည် သွေးကြောအတွင်း ချေးများ စုပုံခြင်းကို ဖြစ်စေနိုင်သည်။ ထရိုင်ဂလစ်စရိုဒ်အဆီပမာဏများသည်  150 အောက်တွင်သာရှိသင့်သည်။ သင်၏ ထရိုင်ဂလစ်စရိုဒ်အဆီပမာဏသည် 200 mg/dL အထက်ရှိနေလျှင် သင့်ပြုစုစောင့်ရှောက်သူသည် အပိုလီပိုပရိုတိန်း ဘီ (apoB) ဟုခေါ်သည့် တခြားကိုလက်စထရောကို စစ်ကြည့်မည်ဖြစ်သည်။ ကျွန်ုပ်၏ ထရိုင်ဂလစ်စရိုဒ်အဆီပမာဏသည်၊  ________________

 

သင့်နံပါတ်များ၏ အဓိပ္ပာယ်မှာ

ကိုလက်စထရောမြင့်ခြင်းသည် နှလုံးရောဂါ၊ နှလုံးတိုက်ခိုက်ခံရမှု၊ လေဖြတ်ခြင်းနှင့် သွေးကြောကျဥ်းနိုင်ခြေရှိသည့် အချက်များထဲမှ 1 တည်းသော အချက်ဖြစ်ပါသည်။ သင့်ကိုလက်စထရောနံပါတ်များ၏ အဓိပ္ပာယ်ကို သိရှိစေရန် သင့်ပြုစုစောင့်ရှောက်သူနှင့် ပြောဆိုဆွေးနွေးပါ။ သင်၏ အန္တရာယ်များသည့်အချက်များကို လေ့လာပါ။ သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူက ကူညီပေးနိုင်ပါသည်။ သူတို့သည် လူအများကိုစစ်ဆေး၍ရောဂါရှာဖွေခြင်းများ ပိုမိုပြုလုပ်ရန် စေခိုင်းနိုင်သည်။ သင့်အတွက် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေပိုမိုများစေသည့် အချက်များအကြောင်းကို သင်နှင့်ပြောဆိုဆွေးနွေးနိုင်သည်။ ၎င်းတို့တွင် မိသားစုသမိုင်းကြောင်း၊ အသက်အရွယ်၊ လိင်အမျိုးအစား၊ လူမျိုးနှင့် လက်ရှိကျန်းမာရေးတို့ ပါဝင်သည်။ 

 

သင်၏ ကိုလက်စထရောနံပါတ်များကို လျော့နည်းစေခြင်း 

သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူက သင်၏ကိုလက်စထရောကို ထိန်းချုပ်ရန် အစီအစဥ်တစ်ရပ်စတင်ရာတွင် ကူညီပေးနိုင်သည်။ သင်၏ ကိုလက်စထရောကို ကုသရန်အတွက် သူတို့တွင် သတ်မှတ်ပန်းတိုင်များရှိနေနိုင်သည်။ သင်သည် မတူညီသည့် ဆေးဝါးများသောက်သုံးရနိုင်သည်။ အဆိုပါဆေးများသည် ကိုလက်စထရောအမျိုးအစားအမျိုးမျိုးအတွက် အလုပ်ဖြစ်နိုင်သည်။ သင်၏ ပြုစုကုသမှုနည်းလမ်းများနှင့် ပန်းတိုင်များကို မေးမြန်းပါ။ အဆိုပါပန်းတိုင်များက ဘာကြောင့်အရေးကြီးလဲကို သေချာနားလည်အောင် လုပ်ပါ။ ၎င်းတို့သည် သင့်အပေါ်တွင် မူတည်သည်။ သင်ချမှတ်ထားသည့် ရည်မှန်းချက်ကိုရောက်ရှိရန် သင်၏ပြုစုကုသမှုအစီအစဥ်အတိုင်း လိုက်နာဆောင်ရွက်ပါ။

သင့်ကိုလက်စထရောကို လျော့နည်းစေသည့်အဆင့်များတွင် အောက်ပါကဲ့သို့ ဘဝနေထိုင်မှုပြောင်းလဲခြင်းများ ပါဝင်နိုင်သည်၊

  • ကျန်းမာရေးဓာတ်စာစားခြင်း

  • လုံလောက်သည့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း

  • ဆေးလိပ်ဖြတ်ပါ

  • သင်၏ ကိုလက်စထရောကို ထိန်းချုပ်ရန် အဆီကျဆေးများကို သောက်သုံးခြင်း

  • ကိုလက်စထရောကို ပုံမှန်စစ်ကြည့်ခြင်း

သင့်ကိုလက်စထရောကို လျော့နည်းရန်လုပ်ဆောင်နေသောကြောင့် နံပါတ်များသည် ဖြည်းဖြည်းပြောင်းလဲသွားမည်။ သို့သော် သူတို့သည်ပြောင်းလဲသွားမှာဖြစ်သည်။ စိတ်ရှည်ရှည်ဖြင့် လမ်းကြောင်းပေါ်က သွေဖည်မသွားပါနှင့်။

 

Powered by Krames by WebMD Ignite
About StayWell | Terms of Use | Privacy Policy | Disclaimer