Well-Child ကျန်းမာရေးစစ်ဆေးမှု၊ 18 လ
18 လ အရွယ် ကျန်းမာရေးစစ်ဆေးမှုတွင် ကျန်းမာရေးပြုစုစောင့်ရှောက်သူမှ သင့်ကလေးအား စစ်ဆေးပေးမည်ဖြစ်ပြီး အိမ်တွင် ပြုမူနေထိုင်ပုံများကို မေးလိမ့်မည်။ ဤစာရွက်သည် သင်မျှော်လင့်ထားသည့် အချက်တချို့ကို ဖော်ြပထားသည်။
ဖွံ့ဖြိုးတိုးတက်မှုနှင့် အထင်ကရဖြစ်ရပ်များ
ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် သင့်ကလေးနှင့်ပတ်သက်သည့် မေးခွန်းများ မေးမြန်းလိမ့်မည်။ သူတို့သည် ကလေး၏ဖွံ့ဖြိုးတိုးတက်ရေး အကြံဉာဏ်ရရှိရန် သင်၏ လမ်းလျှောက်ခါစကလေးအား စူးစမ်းလေ့လာလိမ့်မည်။ ဤတစ်ကြိမ်ပြရာတွင် ကလေးအများစုသည် အောက်ပါတို့ကို ပြုလုပ်သည်၊
-
သင့်ကို စိတ်ဝင်စားစရာ တစ်ခုခု ပြရန် လက်ညှိုးညွှန်ပြခြင်း
-
၎င်းတို့ကို လက်ဆေးပေးရန် လက်များဆန့်ထုတ်ပေးခြင်း
-
“မမ”နှင့်“ဒါဒါ” တို့ထက် စကားလုံး 3 လုံး သို့မဟုတ် အထက် ပြောရန် ကြိုးစားခြင်း
-
ဇွန်းကိုင်ရန် ကြိုးစားခြင်း
-
အဖုံးမပါသည့် ခွက်မှ ရေသောက်ခြင်း (တစ်ခါတစ်ရံ ဖိတ်စဉ်နိုင်သည်)
-
("အရုပ်တစ်ရုပ်ပေးပါ" ကဲ့သို့) အဆင့်-1 အမိန့်များလိုက်နာခြင်း
-
တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကိုမှ မကိုင်ဘဲ လမ်းလျှောက်ခြင်း
-
ရေးခြစ်ခြင်း
-
တံမြက်စည်းလှည်းခြင်း ကဲ့သို့ အိမ်မှုကိစ္စများကို သင့်အတိုင်း လိုက်လုပ်ခြင်း
-
သင်နှင့်အတူ စာအုပ်တစ်အုပ်ကို စာမျက်နှာအနည်းငယ် လိုက်ကြည့်ခြင်း
အစားကျွေးခြင်းအတွက် အကြံပြုချက်များ
သင့်ကလေးသည် အစားပိုရွေးလာခြင်းကို သင်သတိထားမိနိုင်သည်။ ၎င်းသည် ပုံမှန်ပါ။ သင့်ကလေးသည် တစ်နပ်တွင် သို့မဟုတ် တစ်နေ့တွင် မည်မျှစားခြင်းသည် ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်များအကြာ ပုံစံထက် အရေးမကြီးပါ။ ကိုယ်အလေးချိန် မကျလာသရွေ့ ဤအရွယ်ကလေးတစ်ဦးအတွက် ပိန်၍ သေးသွယ်လာခြင်းသည်လည်း ပုံမှန်ဖြစ်ပါသည်။ သင့်ကလေး၏ ကိုယ်အလေးချိန် သို့မဟုတ် စားသောက်သည့်အလေ့အထများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိလျှင် ကျန်းမာရေးပြုစုစောင့်ရှောက်သူနှင့် ယင်းတို့ကိုပြသပါ။ သင့်ကလေးအစားကောင်းကောင်းစားစေရန်၊
-
စားရာတွင် တစ်ကိုက်စာ စားစရာမျိုးစုံကိုဆက်တိုက်ကျွေးပါ။ အစားအစာသစ်များပေးခြင်းကို အဆက်မပြတ်ပါစေနှင့်။ ကလေးတစ်ယောက်သည် အရသာသစ်တစ်ခုကို စမကြိုက်မီတွင် အချို့ကိုမကြာခဏ မြည်းစမ်းကြည့်တတ်သည်။
-
သင့်ကလေးသည် စားချိန်ကြားတွင်ဗိုက်ဆာလျှင် ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများကိုပေးပါ။ လှီးချွတ်ထားသည့် ဟင်းသီးဟင်းရွက်များနှင့် သစ်သီး၊ မြေပဲထောပတ်၊ နှင့် ခရက်ကာများသည် ရွေးချယ်သင့်သည့်အရာများဖြစ်သည်။ အာလူးချောင်းကြော်များ သို့မဟုတ် ကွတ်ကီးများကဲ့သို့ အဆာပြေစားစရာများကို သီးခြားအခြေအနေများအတွက်သာ သိမ်းထားပါ။
-
သင့်ကလေးသည် တထိုင်တည်း အဝစားမည့်အစား တစ်နေ့လုံး မကြာခဏ ပမာဏအနည်းငယ်စားရသည်ကို ပိုကြိုက်နိုင်သည်။ ၎င်းသည် ပုံမှန်ပါ။
-
သင့်ကလေးအား အတင်းမစားခိုင်းပါနှင့်။ ထိုအရွယ်ကလေးတစ်ယောက်သည် ဗိုက်ဆာသည့်အခါ စားလိမ့်မည်။ သူသည် အချို့နေ့များတွင် အခြားသူများထက်ပိုစားနိုင်ခြေရှိလိမ့်မည်။
-
သင့်ကလေးသည် တစ်နေ့လျှင် မလိုင်အပြည့်ပါသည့်နို့အနည်းငယ်သောက်သင့်သည်။ ကယ်လိုရီအများစုသည် အဖတ်စားစရာများမှ ဖြစ်ရမည်။
-
နို့သောက်ခြင်းအပြင် ရေသည်အကောင်းဆုံးဖြစ်သည်။ သစ်သီးဖျော်ရည်ကို ကန့်သတ်ထားပါ။ ၎င်းသည် 100% သစ်သီးရည် ဖြစ်သင့်သည်။ ထိုသစ်သီးရည်တွင် ရေရော၍လည်းရသည်။ သင်၏ လမ်းလျှောက်ခါစကလေးကို ဆော်ဒါမတိုက်ရပါ။
-
သင့်ကလေးအား စားစရာ သို့မဟုတ် နို့ဘူးများနှင့် လမ်းပေးမလျှောက်ပါနှင့်။ ၎င်းသည် အစာနင်နိုင်ခြေရှိပြီး သင့်ကလေးကြီးပြင်းလာသည်နှင့်အမျှ အစားကြူးလာနိုင်ခြေ လည်းရှိသည်။
သန့်ရှင်းခြင်းအတွက် အကြံပြုချက်များ
-
သင့်ကလေး၏ သွားများကို တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် တိုက်ပါ။ မနက်စာစားပြီးချိန်နှင့် အိပ်ရာမဝင်မီကဲ့သို့ တစ်နေ့လျှင် နှစ်ကြိမ်တိုက်လျှင်အကောင်းဆုံးဖြစ်သည်။ ဆန်စေ့ထက် ပိုမကြီးသည့် ဖလူအိုရိုက်သွားတိုက်ဆေးပမာဏ အနည်းငယ်ကိုသုံးပါ။ ပျော့ပြောင်းသည့် ဝက်မှင်ဘီးအမွေးများပါသည့် ကလေးသွားပွတ်တံကို သုံးပါ။
-
သင့်ကလေးသည် ပထမဆုံးသွားဘက်ဆိုင်ရာပြသရမည့်အချိန်အား ကျန်းမာရေးပြုစုစောင့်ရှောက်သူအား မေးမြန်းပါ။ ကလေးသွားဆရာဝန်အများစုသည် ပထမဆုံးသွားဘက်ဆိုင်ရာ ပြသမှုသည် သွားဖုံးတွင် ပထမဆုံးသွားပေါက်ပြီး 6 လအတွင်း ကလေးအသက် တစ်နှစ်မပြည့်ခင် ဖြစ်သင့်သည်ဟုအကြံပြုကြသည်။
-
ကလေးအချို့သည် 18 လမှ 24 လအတွင်း အိမ်သာတက် အလေ့အကျင့်အတွက် အသင့်ဖြစ်ကြောင်း စတင်ပြသလာပါလိမ့်မည်။ အသင့်ဖြစ်ကြောင်း လက္ခဏာများမှာ၊
-
၎င်းတို့ဘာသာ လမ်းလျှောက်နိုင်လာခြင်း
-
ဆီးဝမ်း မကြာခဏမသွားတော့ခြင်း(ဆီးအိမ်နှင့် ဝမ်းထိန်းချုပ်နိုင်စွမ်းတိုးတက်လာခြင်း)
-
သေးခံ ညစ်ပေလာလျှင် အဆင်မပြေပိုဖြစ်လာခြင်း
-
သေးခံလဲရန် လိုကြောင်း သင့်ကို ပြောပြနိုင်လာခြင်း
-
ရိုးရှင်းသော စေခိုင်းမှုများကို လိုက်နာနိုင်ခြင်း (24 လ ပြည့်ခါနီးလျှင်) တို့ပါဝင်သည်။
အိပ်စက်ခြင်းအတွက် အကြံပြုချက်များ
18 လအရွယ်တွင် သင့်ကလေးသည် 1 ရေးအိပ်ပြီး ညဘက်တွင် 10 မှ 12 နာရီခန့်အထိ အိပ်နိုင်ခြေရှိသည်။ သူတို့သည် ၎င်းထက်ပို၍ဖြစ်စေ လျော့၍ဖြစ်စေ အိပ်သော်လည်း ကျန်းမာနေပုံရပါက ယင်းသည် စိုးရိမ်စရာမရှိပါ။ သင့်ကလေး အိပ်စက်မှုကိုအထောက်အကူဖြစ်စေရန်၊
-
တစ်နေ့တာအတွင်း သင့်ကလေးသည် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုလုံလုံလောက်လောက်ရှိလားဆိုသည်ကို ကြည့်ပါ။ ၎င်းသည် သင့်ကလေးအိပ်မောကျစေရန်အထောက်အကူပြုသည်။ တက်ကြွသည့် ကစားနည်းများအတွက် အကြံဉာဏ်များလိုအပ်လျှင် ကျန်းမာရေးပြုစုစောင့်ရှောက်သူနှင့်ဆွေးနွေးပါ။
-
ညတိုင်း သွားတိုက်ပြီး စာအုပ်တစ်အုပ်ဖတ်ခြင်းကဲ့သို့ အိပ်ရာဝင်ချိန် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလုပ်ပါ။ ညတိုင်း တူညီသည့်အိပ်ရာဝင်ချိန်နှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်ကို အကျင့်လုပ်ပါ။
-
သင့်ကလေးကို သောက်စရာတစ်ခုခုပေး၍ အိပ်ရာထဲတွင် မသိပ်ပါနှင့်။
-
ညဘက်တောက်လျှောက် ကလေးအိပ်ရာတွင် ပြဿနာရှိပါက အကြံပြုချက်များအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်သူအား မေးမြန်းပါ။
ဘေးကင်းစိတ်ချရေးအတွက် အကြံပြုချက်များ
 |
| သင့်ကလေးဘေးကင်းစေရန် ဗီရိုတံခါးများတွင် တံခါးချက်များတပ်ဆင်ပါ။ |
သင့်ကလေးဘေးကင်းစိတ်ချရရေးအတွက် ပါဝင်သည့် အကြံပြုချက်များမှာ၊
-
ကြီးကြပ်မှုမရှိဘဲ သင့်ကလေးအားအပြင်တွင် ပေးမဆော့ပါနှင့်။ ကားများအနီးတွင် သတိထားရန်သင်ပေးပါ။ လမ်းဖြတ်ကူးနေစဉ် သို့မဟုတ် ကားပါကင်တွင် သင့်ကလေးသည် လူကြီးတစ်ယောက်၏လက်ကို အမြဲကိုင်ထားသင့်သည်။
-
ပြတင်းပေါက်များတွင် ခိုင်ခံ့သည့် ခြင်လုံဆန်ခါများနှင့် လှေကားထိပ်များနှင့် အောက်ခြေများတွင် ဂိတ်တံခါးများဖြင့် သင်၏လမ်းလျှောက်ခါစကလေး ပြုတ်မကျစေရန် ကာကွယ်ပါ။ လှေကားပေါ်တွင် သင့်ကလေးကို ကြီးကြပ်ပါ။
-
ရေကူးကန်ရှိလျှင် ၎င်းကိုခြံစည်းရိုးခတ်ထားပါ။ ရေကူးကန်သို့ရောက်စေသည့် ဂိတ်တံခါးများ သို့မဟုတ် တံခါးများကို ပိတ်ပြီးသော့ခတ်ထားပါ။ ရေရှိသည့် မည်သည့်နေရာတွင်မဆို သင့်ကလေးကို တစ်ယောက်တည်း မထားခဲ့ပါနှင့်။ ထိုအထဲတွင် ရေချိုးကန် သို့မဟုတ် ရေပုံးလည်းပါဝင်သည်။
-
ထိုအရွယ်တွင် ကလေးများသည် အလွန်စပ်စုတတ်သည်။ သူတို့သည် အန္တရာယ်ရှိနိုင်သည့်အရာများ လုပ်နိုင်ခြေရှိသည်။ အံဆွဲပါဗီရိုများကို တံခါးချက်များထားရှိပါ။ ဆေးဝါးများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကဲ့သို့ ပစ္စည်းများကို ဗီရိုထဲ ပိတ်သိမ်းထားပြီး ကလေးများလက်လှမ်းမမီအောင် ထားရှိပါ။ မသုံးသည့်လျှပ်စစ်ပလတ်ပေါက်များကို ကာထားပါ။ ပရိဘောဂများအားလုံးကို စိတ်ချရအောင်ထားပါ။
-
အသက်ရှူကျပ်စေလောက်သည့် သေးငယ်သည့်အရာများကို သတိထားပါ။ ပုံမှန်အားဖြင့် အိမ်သာသုံးစက္ကူလိပ်ထဲသို့ ကွက်တိဝင်နိုင်သည့် ပစ္စည်းအသေးလေးများသည် ကလေးငယ်ကို လည်မျိုတွင်တစ်ဆို့စေနိုင်သည်။
-
ကားထဲတွင် နောက်ထိုင်ခုံရှိ ကားထိုင်ခုံတွင် သင့်ကလေးကိုအမြဲထားပါ။ မွေးကင်းစကလေးများနှင့် လမ်းလျှောက်ခါစကလေးများသည် ဖြစ်နိုင်လျှင် ကားထဲတွင် ကားနောက်ခန်းထိုင်ခုံနှင့် မျက်နှာချင်းဆိုင်သည့် ထိုင်ခုံတွင်သာ လိုက်စီးသင့်သည်။ ၎င်းသည် သူတို့၏ထိုင်ခုံခွင့်ပြုထားသည့် ကိုယ်အလေးချိန် သို့မဟုတ် အရပ်ထိပ်ဆုံးရောက်သည်အထိဆိုလိုခြင်း ဖြစ်သည်။ သင့်လုံခြုံရေးထိုင်ခုံ လမ်းညွှန်ချက်များကို စစ်ဆေးပါ။ လဲလှယ်နိုင်သည့် လုံခြုံရေးထိုင်ခုံအများစုသည် 2 နှစ် သို့မဟုတ် ထို့ထက်ပို၍ ကားနောက်ခန်းထိုင်ခုံနှင့် မျက်နှာချင်းဆိုင်သည့် ထိုင်ခုံတွင်သာစီးရန် ကလေးများအားခွင့်ပြုထားမည့် အရပ်နှင့် ကိုယ်အလေးချိန်ကန့်သတ်ချက်များ ရှိသည်။
-
ခွေးများ၊ ကြောင်များနှင့် အခြားတိရစ္ဆာန်များအား ကြင်နာပြီး သတိထားနေရန် သင့်ကလေးအားသင်ပေးပါ။ ရင်းနှီးသည့် မိသားစုအိမ်မွေးတိရစ္ဆာန်များပင်ဖြစ်ပါစေ တိရစ္ဆာန်များအနီးတွင် ကလေးအား အမြဲကြီးကြပ်ပါ။
-
သင့်ကလေးကို ပူသည့်အရာဝတ္ထများနှင့် ဝေးရာတွင်ထားပါ။ သင့်ကလေးမီသည့် စားပွဲများပေါ်တွင် သို့မဟုတ် သူဆွဲချနိုင်သည့် စားပွဲခင်းပါသည့်စားပွဲများပေါ်တွင် အရည်ပူများမထားခဲ့ပါနှင့်။
-
သင့်တွင် သေနတ်ရှိပါက သင့်ကလေးနှင့်ဝေးရာ၊ လုံခြုံသောနေရာတွင် ကျည်မထည့်ဘဲ သိမ်းထားပါ။
-
ထို Poison Control ဖုန်းနံပါတ်အား ရေခဲသေတ္တာပေါ်ကဲ့သို့ မြင်လွယ်သည့်နေရာတစ်ခုတွင် ထားပါ၊ 800-222-1222.
-
ဖန်သားပြင်ကြည့်ချိန်ကို သတ်မှတ်ပါ။ 2 နှစ်အောက်ကလေးများကို ဖန်သားပြင် (တီဗီ၊ တက်ဘလက်၊ ဖုန်းများ) ကြည့်ရန်ကို အားမပေးပါ။ ချစ်ရသူများနှင့် ဗီဒီယိုဖုန်းခေါ်ဆိုခြင်းအတွက် ဖန်သားပြင်ကြည့်ချိန်ကို ကန့်သတ်ပါ။
ကာကွယ်ဆေးများ
ရောဂါထိန်းချုပ်ခြင်းနှင့်တားဆီးကာကွယ်ခြင်းစင်တာ (CDC) ၏ အကြံပြုချက်များအရ ယခုတစ်ကြိမ်လာရောက်ပြသမှုတွင် သင့်ကလေးသည် အောက်ပါကာကွယ်ဆေးများ ထိုးခံရနိုင်သည်၊
"ကြောက်စရာနှစ်နှစ်" အတွက်အသင့်ပြင်ထားပါ။
"ကြောက်စရာနှစ်နှစ်"နှင့်ပတ်သက်သည့် ဖြစ်စဉ်များကို သင်ကြားဖူးနိုင်ပါသည်။ ကလေးအများစုသည် အသက် 2 နှစ်ဝန်းကျင်တွင် ပိုဇီဇာကြောင်လာပြီး ကိုင်တွယ်ရပိုခက်ခဲလာတတ်သည်။ အမှန်အားဖြင့် အမူအကျင့်ပြောင်းလဲမှုများကို သင်စသတိပြုပြီးဖြစ်နိုင်သည်။ ဤသည်မှာ ကိုင်တွယ်ဖြေရှင်းရန် သင်မျှော်လင့်ထားနိုင်သည့် အရာအချို့နှင့် အကြံပြုချက်များဖြစ်သည်၊
-
သင့်ကလေးသည် ပိုပြီးအမှီအခိုကင်းလာပြီး ပိုခေါင်းမာလာလိမ့်မည်။ ကန့်သတ်ချက်များကိုစမ်းသပ်ရန် သူတို့မည်မျှအထိ လွတ်နိုင်သည်ကိုသာ သိရန်မှာ သာမန်ဖြစ်သည်။ ကလေးပုံကြည့်ရတာ အဆင်ပြေပုံရသည့်အခါတွင်ပင် ဟင့်အင်း ဆိုသည့်စကားကို မကြာခဏကြားရနိုင်သည်။ ပြတ်သားပြီး တစ်သမတ်တည်းရှိပါစေ။ သင်သည် မိဘဖြစ်ပြီး စည်းမျဉ်းများကို သင်ချမှတ်ရမည်ကို မှတ်ထားပါ။ သတိထားရန်မှာ သင်သည်လူကြီးဖြစ်သည့်အတွက် သင့်ကလေးဝုန်းဒိုင်းကြဲနေသည့်အခါတွင်ပင် စိတ်ငြိမ်အောင်ထိန်းဖို့ကြိုးစားပါ။
-
၎င်းသည် ကလေးများဟာ သူတို့လိုချင်သည့်အရာကိုတောင်းဆိုဖို့ မကြာခဏ စကားလုံးများပျောက်ဆုံးနေတတ်သည့်အရွယ်ဖြစ်သည်။ ယင်းအစား၊ သူတို့သည် ဒေါသဖြင့်တုံ့ပြန်နိုင်သည်။ သင့်ကလေးသည် အီခြင်း၊ ငိုခြင်း၊ အော်ဟစ်ခြင်း၊ ကန်ကျောက်ခြင်း၊ ကိုက်ခြင်း သို့မဟုတ် ရိုက်ခြင်းတို့ပြုလုပ်နိုင်သည်။ ကလေး၏ ပင်ကိုယ်စရိုက်ပေါ်မူတည်၍ ဝုန်းဒိုင်းကြဲခြင်းများသည် ဖြစ်ခဲခြင်းသို့မဟုတ် မကြာခဏဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ကလေးများသည် သူတို့ကိုယ်သူတို့ စကားလုံးများနှင့် မည်သို့ဖော်ပြရမည်ကိုသိသည့်အခါ ဝုန်းဒိုင်းကြဲခြင်းများ အဖြစ်နည်းသည်။ ဝုန်းဒိုင်းကြဲခြင်းအများစုသည် မိနစ်အနည်းငယ်သာကြာတတ်သည်။ သင့်ကလေး၏ ဝုန်းဒိုင်းကြဲမှုများသည် ယင်းထက်အများကြီးပိုကြာလျှင် ကျန်းမာရေးပြုစုစောင့်ရှောက်သူအား ပြောဆိုပါ။
-
ဝုန်းဒိုင်းကြဲခြင်းကို လျစ်လျူရှုရန် အစွမ်းကုန်လုပ်ဆောင်ပါ။ ကလေးသည် လုံခြုံသည့်နေရာတွင်ရှိမရှိ ကြည့်ပြီး သူတို့့ကိုမျက်စိဒေါက်ထောက်ကြည့်နေပါ။ သို့သော် ဝုန်းဒိုင်းကြဲမှု ပြီးသွားသည်အထိ မတုံ့ပြန်ပါနှင့်။ ၎င်းသည် ဝုန်းဒိုင်းကြဲခြင်းဟာ အာရုံစိုက်ခံရမည့်နည်းလမ်းမဟုတ်သည်ကို ထိုကလေးအား သိရှိစေသည်။ သင့်ကလေးအား အခြားသူများအာရုံစိုက်ခံရမှုနှင့် ဝေးသည့် သီးသန့်နေရာသို့ မကြာခဏ ပြောင်းရွှေ့ခြင်းသည် ဝုန်းဒိုင်းကြဲခြင်းကိုဖြေရှင်းရာတွင် အထောက်အကူဖြစ်လိမ့်မည်။
-
သင်တည်တည်ငြိမ်ငြိမ်နှင့် ဒေါသမထွက်မိအောင်ထိန်းပါ။ သင်သည်လူကြီးဖြစ်သည်ကို သတိရပါ။ ဒေါသထွက်သည့်အခါ မည်သို့ပြုမူရမည်ဆိုသည့် နမူနာကောင်းတစ်ခုကို သတ်မှတ်ထားပါ။ ဝုန်းဒိုင်းကြဲနေချိန်အတွင်း သို့မဟုတ် ဝုန်းဒိုင်းကြဲပြီးသည့်နောက် သင့်ကလေးအား ရိုက်ခြင်း သို့မဟုတ် အော်ဟစ်ခြင်း လုံးဝမလုပ်ရပါ။
-
သင့်ကလေးကို လက်ရှိလုပ်နေသည့်အရာအား ရပ်တန့်စေလိုသည့်အခါ လှုပ်ရှားမှု သို့မဟုတ် အရာဝတ္ထုအသစ်တစ်ခုခုဖြင့် အာရုံလွှဲပါ။ ကလေးကို ကောက်ချီ၍လည်း အခြားတစ်နေရာသို့ ရွှေ့နိုင်သည်။
-
သင့်အတွက်ဘာက အရေးကြီးသည်ကို သိပါ။ အရာအားလုံးသည် ဆန့်ကျင်တိုက်ခိုက်သင့်သည်မဟုတ်ပါ။ သင့်ကလေး၏ ကျန်းမာရေး သို့မဟုတ် ဘေးကင်းမှုလား သို့မဟုတ် အခြားကလေးက အန္တရာယ်ရှိနေလားဆိုသည်မှာ အရေးအကြီးဆုံး ကိစ္စတစ်ခုဖြစ်သည်။
-
သင့်ကလေး၏ အပြုအမူကို ကိုင်တွယ်ရာတွင် အခြားအကြံပြုချက်များအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်သူနှင့်ဆွေးနွေးပါ။
StayWell မှ ယခုပညာပေးအကြောင်းအရာကို နောက်ဆုံး လေ့လာသုံးသပ်ခဲ့သည့်နေ့မှာ 3/1/2022 ဖြစ်သည်
© 2000-2023 The StayWell ကုမ္ပဏီ၊ LLC။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ရထားသည်။ ဤသတင်းအချက်အလက်များသည် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာပြုစုကုသမှုနေရာတွင် အစားထိုးရန် ရည်ရွယ်ထားခြင်း မဟုတ်ပါ။ သင့် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသည့် ပညာရှင်များ၏ လမ်းညွှန်ချက်များကို အမြဲလိုက်နာပါ။