Health Encyclopedia
Search Clinical Content Search Health Library
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

Well-Child ကျန်းမာရေးစစ်ဆေးမှု၊ 14 နှစ်မှ 18 နှစ်အထိ

ဆယ်ကျော်သက်အရွယ်အတွင်း နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် အရေးကြီးသည်။ သင်၏ဆယ်ကျော်သက်သည် ကျန်းမာရေးစစ်ဆေးမှုလုပ်ခြင်းနှင့်ပတ်သက်၍ ရှက်ကောင်းရှက်နေနိုင်သည်။ ထိုစစ်ဆေးမှုသည် ပုံမှန်ဖြစ်ပြီးလိုအပ်ကြောင်း သင်၏ဆယ်ကျော်သက်အား အားပေးပါ။ ကျန်းမာရေးပြုစုစောင့်ရှောက်သူသည် စစ်ဆေးသည့်အခန်းထဲတွင် သင်မပါဘဲ သင့်ကလေးနှင့်ပြောရန်တောင်းဆိုနိုင်သည်ကို သိထားပါ။

 

အမျိုးသားတစ်ဦးနှင့်အတူ ထိုင်ခုံတွင်ထိုင်ပြီး ဗီဒီယိုဂိမ်းကစားနေသည့် ဆယ်ကျော်သက်အရွယ်ကောင်လေး။
သင်၏ ဆယ်ကျော်သက်ဘဝထဲသို့ ပါဝင်ဖြတ်သန်းပေးပါ။ သင့်ဆယ်ကျော်သက်၏ဘဝထဲ ပါဝင်ပတ်သက်ပါ။ သင့်ဆယ်ကျော်သက်သည် သူစကားပြောရန်လိုသည့်အခါတွင် သင်အမြဲရှိနေကြောင်း သေချာနေပါစေ။

 

ကျောင်းနှင့် လူမှုရေးကိစ္စများ

ဤသည်မှာ ထိုသို့သွားရောက်စဉ် သင်၊ သင့်ဆယ်ကျော်သက်၊ နှင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူတို့ ဆွေးနွေးလိုမည့် အကြောင်းရင်းအချို့ဖြစ်သည်၊

  • ကျောင်းလုပ်ဆောင်ချက်။ ကျောင်းတွင် သင့်ကလေးဘယ်လိုနေလဲ။ အိမ်စာကို အချိန်မီပြီးသလား။ သင့်ကလေးသည် စည်းကမ်းတကျနေပါသလား။ ၎င်းတို့သည် သင်နှင့်အတူ ကူညီနိုင်သည့်ကျွမ်းကျင်မှုများဖြစ်သည်။ ကျောင်းတွင်းစွမ်းဆောင်ရည်ကျဆင်းခြင်းသည် အခြားပြဿနာများ၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း သတိရပါ။

  • ခင်မင်မှုများ။ သင့်ကလေး၏ သူငယ်ချင်းများကို သင်သဘောကျသလား။ ခင်မင်မှုများသည် ကောင်းမွန်ပုံရသလား။ သင်၏ ဆယ်‌ကျော်သက်ဖြင့် သူ၏သူငယ်ချင်းများအကြောင်းနှင့် သူတို့နှင့်အတူ အချိန်ကုန်ဆုံးပုံကို အမြဲတမ်းပြောဆိုဖြစ်ပါစေ။ ရွယ်တူချင်းဖိအားသည် ဆယ်ကျော်သက်များကြား ပြဿနာတစ်ရပ်ဖြစ်နိုင်သည်။

  • အိမ်ရှိဘဝ။ သင့်ကလေး၏အပြုအမူ ဘယ်လိုရှိလဲ။ သူတို့သည် မိသားစုထဲတွင် အခြားသူများနှင့် တည့်ပါသလား။ သင်၊ တခြားအရွယ်ရောက်ပြီးသူများနှင့် အာဏာပိုင်များအပေါ် လေးစားမှုရှိပါသလား။ မိသားစုပွဲများတွင် ပါဝင်ပါသလား သို့မဟုတ် တခြားမိသားစုဝင်များနှင့် ခပ်တန်းတန်းပဲ ဆက်ဆံပါသလား။

  • အန္တရာယ်ရှိသောအပြုအမူများ။ ဆယ်ကျော်သက်အများစုသည် မူးယစ်ဆေးဝါးများ၊ အရက်၊ ဆေးလိပ်နှင့်လိင်ကိစ္စတို့နှင့်ပတ်သက်၍ သိလိုစိတ်ပြင်းပြကြသည်။ ထိုကိစ္စများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောပြပါ။ သင့်ကလေး၏မေးခွန်းများကဖြေဆိုပြီး သင်ကိုယ်တိုင်မေးခွန်းမေးရမည်ကိုမစိုးရိမ်ပါနှင့်။ ထိုအကြောင်းအရာများကို မည်သို့ချဉ်းကပ်ရမည်ကိုမသေချာပါက၊ အကြံပြုချက်ရယူရန် ကျန်းမာရေးပြုစုစောင့်ရှောက်သူနှင့်ဆွေးနွေးပါ။ 

 

လူလားမြောက်ချိန်

သင့်ဆယ်ကျော်သက်သည် လူလားမြောက်ချိန်အပြောင်းအလဲအချို့ကိုတွေ့ကြုံရနိုင်သေးသည်၊ ၎င်းတို့မှာ၊

  • ဝက်ခြံနှင့် ခန္ဓာကိုယ်နံ့။ လူလားမြောက်ချိန်တွင် တိုးလာသည့်ဟော်မုန်းများသည် မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်တွင် ဝက်ခြံ (ဝက်ခြံများ)ပေါက်စေနိုင်သည်။ ဟော်မုန်းများသည် ချွေးထွက်လည်းများစေပြီး ခန္ဓာကိုယ်နံ့ပြင်းစေသည်။

  • ခန္ဓာကိုယ်ပြောင်းလဲမှုများ။ လူလားမြောက်ချိန်တွင် ခန္ဓာကိုယ်သည်ထွားကျိုင်းပြီး အရွယ်ရောက်လာသည်။ အမွေးအမျှင်များသည် ဆီးစပ်နှင့် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများတွင်ပေါက်လိမ့်မည်။ မိန်းကလေးများသည် ရင်သားများဖွံ့ထွားလာပြီး လစဥ်ဓမ္မတာလာပါသည် (ရာသီသွေး)။ ယောက်ျားလေးအသံပြောင်းပြီး ပိုနိမ့်ပြီး ပိုဩလာသည်။ လိင်အင်္ဂါကြီးပြီးတင်းမာလာချိန်တွင် အပေါ့သွားသည့်အိပ်မက်များ စဖြစ်လာလိမ့်မည်။ အဆိုပါအပြောင်းအလဲများကို ကူညီဖြေရှင်းပေးရန်နှင့် သူတို့မျှော်လင့်ချက်များအကြောင်းကို ဆွေးနွေးတိုင်ပင်ပါ။

  • စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ။ ထိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲများနှင့်အတူ၊ သင့်ဆယ်ကျော်သက်၏ ပင်ကိုစရိုက်ပြောင်းလဲမှုများကို သင်သတိပြုနိုင်လိမ့်မည်။ သူတို့သည် တခြားဆယ်ကျော်သက်များနှင့် ချိန်းဆိုခြင်းများကို စိတ်ဝင်စားပြီး သူငယ်ချင်းထက်ပိုသည့်အနေအထားမျိုး ဖြစ်လာလိုစိတ်ရှိနိုင်သည်။ ထို့ပြင် သင့်ဆယ်ကျော်သက်အတွက် စိတ်ပြောင်းလွယ်ခြင်းသည် ပုံမှန်ဖြစ်သည်။ စိတ်ရှည်ရှည်ထားပြီး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပါ။ သူတို့ စကားပြောလိုစိတ်မရှိလျှင်တောင် စကားဝိုင်းထဲများသို့ ပါဝင်လာအောင် တိုက်တွန်းအားပေးပါ။ သင်၏ ဆယ်ကျော်သက် မည်သို့ပင်ပြုမူပါစေ သူတို့အတွက် မိဘရှိရန် လိုအပ်ပါသည်။

 

အာဟာရနှင့်လေ့ကျင့်ခန်း အကြံပြုချက်များ

သင်၏ ဆယ်ကျော်သက်သည် သူတို့စားသောက်ပုံနှင့် အချိန်ဖြုန်းပုံနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချဖွယ်ရှိသည်။ အမြဲတမ်း နောက်ဆုံးစကားပြော၍မရနိုင်ပေမဲ့ ကျန်းမာရေးနှင့်ညီညွတ်သည့်အလေ့အထများကို အားပေးနိုင်သည်။ သင့်ဆယ်ကျော်သက်သည်၊

  • နေ့စဥ် အနည်းဆုံး မိနစ် 60 ခန့် ကိုယ်လက်အားကစားလုပ်ပေးပါ။ ထိုအချိန်တွင် တစ်နေ့တာလုံး ချုံးချုံးကျနိုင်သည်။ ကျောင်းချိန်ပြီးနောက် အားကစားများ၊ အက သို့မဟုတ် ကိုယ်ခံပညာသိုင်းပေါင်းစုံ သင်တန်းများ၊ စက်ဘီးစီးခြင်း သို့မဟုတ် ကျောင်းသို့ဖြစ်စေ သူငယ်ချင်းအိမ်သို့ဖြစ်စေ လမ်းလျှောက်ခြင်းကိုပင် ကိုယ်လက်လှုပ်ရှားမှုအဖြစ် ယူဆနိုင်သည်။  

  • ဖန်သားပြင်ကြည့်ချိန်ကို သတ်မှတ်ပါ။ ၎င်းတွင် တီဗီကြည့်ခြင်း၊ ဗီဒီယိုဂိမ်းများကစားခြင်း၊ ကွန်ပျူတာသုံးခြင်းနှင့် စာရိုက်ခြင်း တို့ပါဝင်သည်။ သင့်ဆယ်ကျော်သက်အိပ်ခန်းထဲတွင် တီဗီ၊ ကွန်ပျူတာ၊ သို့မဟုတ် ဗီဒီယိုဂိမ်းစက်ရှိလျှင် ၎င်းတို့ကို ဖယ်ရှားပစ်ပါ။ 

  • ကျန်းမာရေးနှင့်ညီညွတ်အောင်စားပါ။ နေ့စဉ် သင့်ကလေးသည် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသည့် အသားများနှင့် အစေ့အဆန်များကို စားသင့်သည်။ အာလူးချောင်းကြော်များ၊ သကြားလုံးနှင့် အကြော်များလို ကျန်းမာရေးနှင့်မညီသည့် အစားအစာများကို ရံဖန်ရံခါသာ စားသင့်သည်။ အချို့သော ဆယ်ကျော်သက်များသည် တစ်နေ့တာလုံး အာဟာရမမြောက်သည့် အစားအစာနှင့် အမြန်ပြင်အစားအစာများကို သရေစာစားသုံးခြင်း ထောင်ချောက်ထဲရောက်သွားတတ်သည်။ မီးဖိုချောင်ကို ကျောင်းပြီးနောက် သရေစာများအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့်ရွေးစရာများကို သေချာဖြည့်ထားပါ။ သင်၏ဆယ်ကျော်သက်သည် အသင့်စားအစားအစာများစားလိုလျှင် သူတို့ကိုယ်ပိုင်ငွေဖြင့် ဝယ်စေပါ။ 

  • တစ်နေ့လျှင် 3 နပ်စားပါ။ ကလေးအတော်များများသည် မနက်စာနှင့်နေ့လယ်စာကိုပင် လွတ်တတ်ကြသည်။ ယင်းသည် ကျန်းမာရေးနှင့်မညီညွတ်ရုံတင်သာမက ကျောင်းစွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်သည်။ သင့်ဆယ်ကျော်သက်အား မနက်စာစားကြောင်း သေချာပါစေ။ သင်၏ဆယ်ကျော်သက်သည် ကျောင်းတွင်ကျွေးသည့် နေ့လယ်စာကို မကြိုက်လျှင် နေ့လယ်စာထမင်းဘူးကို ယူသွားစေပါ။

  • နေ့စဥ် သင်နှင့်အနည်းဆုံး ထမင်း 1 ကြိမ်တော့ အတူစားပါ။ အလုပ်များသည့်အချိန်ဇယားများတွင် မကြာခဏ ထိုင်စကားပြောရန်အတွက်အချိန်ကန့်သတ်ပါ။ မိသားစုအချိန်အတွက် အတူတူထိုင်စားခြင်းကို ခွင့်ပြုပါ။ ယင်းသည် သင့်ကလေးဘာစားသည် ဘယ်လိုစားသည်ဆိုသည်ကိုလည်း သင်သိရစေသည်။ 

  • ဆော်ဒါနှင့်သစ်သီးဖျော်ရည်များကို ကန့်သတ်ပါ။ ရံဖန်ရံခါ ဆော်ဒါ အနည်းငယ်သောက်၍ရသည်။ သို့သော် ဆော်ဒါ၊ အားကစားအချိုရည်များနှင့် သစ်သီးဖျော်ရည်များသည် ပိုကျန်းမာစေသည့် သောက်စရာများအတွက် အစားထိုးရမည့်အရာမဟုတ်ပါ။ အားကစားအချိုရည်များနှင့် သစ်သီးဖျော်ရည်များသည် ပို၍မကောင်းပါ။ ရေနှင့် အဆီနည်း သို့မဟုတ် အဆီမပါသည့်နို့များသည် အကောင်းဆုံးရွေးချယ်စရာများဖြစ်သည်။

 

သန့်ရှင်းခြင်းအတွက် အကြံပြုချက်များ

အကြံပြုထားသည့် တစ်ကိုယ်ရေသန့်ရှင်းရေးတွင်၊ 

  • ဆယ်ကျော်သက်များသည် နေ့စဉ်ရေချိုးပြီး ချွေးနံ့ပျောက်ဆေးသုံးသင့်သည်။

  • သင့်ဆယ်ကျော်သက်တွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသို့မဟုတ် ဝက်ခြံနှင့်ပတ်သက်၍မေးစရာများရှိလျှင် ကျန်းမာရေးပြုစုစောင့်ရှောက်သူအား အသိပေးပါ။

  • သင့်ဆယ်ကျော်သက်အား သွားသန့်ရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးမှုအတွက် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် သွားဆရာဝန်ထံ ခေါ်သွားပါ။

  • အိပ်ရာမဝင်ခင် သွားတိုက်ပြီးအိပ်ရာ သင့်ဆယ်ကျော်သက်ကို သတိပေးပါ။

 

အိပ်စက်ခြင်းအတွက် အကြံပြုချက်များ

ဆယ်ကျော်သက်အရွယ်တွင် အိပ်စက်မှုပုံစံများပြောင်းလဲနိုင်သည်။ ဆယ်ကျော်သက်အတော်များများသည် အိပ်ပျော်ရန်ခက်ခဲသည့်အချိန်ရှိသည်။ ၎င်းသည် နောက်တစ်နေ့မနက် အိပ်ရာထနောက်ကျစေနိုင်သည်။ သင့်ဆယ်ကျော်သက်လိုအပ်သည့် အနားယူချိန်အတွက် အထောက်အကူပြုမည့် အကြံပြုချက်များမှာ၊

  • သင့်ဆယ်ကျော်သက်အား စနေ၊တနင်္ဂနွေများတွင်ပင် အိပ်ချိန်တသမတ်တည်းဖြစ်ရန် တိုက်တွန်းပါ။ နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း ခန္ဓာကိုယ်ကလိုက်လုပ်သည့်အခါ အိပ်ပျော်ရန် ပို၍လွယ်ကူသည်။ သင့်ဆယ်ကျော်သက်အား ညဘက်တွင်အလွန်ညဉ့်နက်သည်အထိနေခြင်းသို့မဟုတ် မနက်ဘက်တွင် အလွန်ကြာမြင့်စွာအိပ်ခြင်းတို့ပေးမလုပ်ပါနှင့်။

  • လိုအပ်လျှင် သင့်ဆယ်ကျော်သက်အားကူ၍နှိုးပါ။ စနေ၊ တနင်္ဂနွေ သို့မဟုတ် ကျောင်းအားလပ်ရက်များတွင်ပင်—အိပ်ခန်းထဲသွား လိုက်ကာများကိုဖွင့်ပြီး သင့်ဆယ်ကျော်သက်အား အိပ်ရာထဲမှ ဆွဲထုတ်ပါ။

  • နေ့ဘက်တွင် တက်တက်ကြွကြွနေခြင်းသည် ညဘက်တွင် သင့်ကလေးအား ပို၍အိပ်ပျော်စေလိမ့်မည်။

  • သင့်ဆယ်ကျော်သက် အိပ်ရာမဝင်မီ အနည်းဆုံးတစ်နာရီအလိုတွင် တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဗီဒီယိုဂိမ်းများသုံးခြင်းကိုဟန့်တားပါ။ (၎င်းသည် မိဘများအတွက်လည်း အကြံကောင်းဖြစ်သည်။)

  • ညဘက်တွင် ဆဲလ်ဖုန်းများပိတ်ထားရမည်ဆိုသည့် စည်းကမ်းတစ်ခုချမှတ်ပါ။

 

ဘေးကင်းစိတ်ချရေးအတွက် အကြံပြုချက်များ

သင့်ဆယ်ကျော်သက်အတွက် ဘေးကင်းစေရန် အကြံပြုချက်များတွင်၊

  • သင့်ဆယ်ကျော်သက်သည် နေအိမ်ပြင်ပတွင် ဘယ်လောက်ကြာကြာနေ၍ရသည်ဆိုသည့် စည်းကမ်းများချမှတ်ထားပါ။ သင့်ကလေးအား ညဘက်အပြင်မထွက်ရအမိန့်ထုတ်ထားပါ။ သင့်ကလေးတွင် ဆဲလ်ဖုန်းရှိလျှင် သူတို့ရှိသည့်နေရာနှင့် သူတို့လုပ်နေသည်များကို သိရှိစေရန် အခါအားလျော်စွာ ဖုန်းဆက်ပြီး မေးမြန်းပါ။

  • ဆဲလ်ဖုန်းများကို ဘေးကင်းကင်းနှင့် တာဝန်သိသိ သုံးခြင်းရှိမရှိ သေချာကြည့်ရှုပါ။ သူတို့ စက်ဘီးစီးနေစဥ် သို့မဟုတ် အပြင်တွင်လမ်းလျှောက်နေစဥ် အထူးသဖြင့် လမ်းဖြတ်ကူးနေစဥ် ဖုန်းပြောခြင်း၊ စာပို့ခြင်း သို့မဟုတ် နားကြပ်ဖြင့် သီချင်းနားထောင်ခြင်းက အန္တရာယ်များကြောင်း သူတို့သဘောပေါက်အောင် သင်ကူညီပေးပါ။

  • အဆက်မပြတ်ကျယ်လောင်သည့် ဂီတသံသည် အကြားအာရုံကိုပျက်စီးစေနိုင်သည့်အတွက် သင့်ဆယ်ကျော်သက်၏ သီချင်းသံအတိုးအကျယ်ကို စောင့်ကြည့်ပါ။ အသံထားသင့်သည့်ပမာဏကို စက်များတွင် သတ်မှတ်ထားပါ။ အသေးစိတ်အချက်အလက်များအတွက် လမ်းညွှန်ချက်များကို စစ်ဆေးပါ။

  • သင့်ဆယ်ကျော်သက်သည် ကားမောင်းလိုင်စင်ရလောက်သည့်အရွယ်ရောက်လျှင် ကားကိုဘေးကင်းကင်းမောင်းဖို့ တိုက်တွန်းပါ။ သင့်ဆယ်ကျော်သက်အား အမြဲထိုင်ခုံခါးပတ်ပတ်ရန်၊ အရှိန်ကန့်သတ်မောင်းရန်နှင့် လမ်းစည်းကမ်းများလိုက်နာရန် သင်ကြားပေးပါ။ သင့်ဆယ်ကျော်သက် ကားမောင်းနေစဥ် စာပို့ခြင်း သို့မဟုတ် ဖုန်းပြောခြင်းကို ခွင့်မပြုပါနှင့်။ (ထို့ပြင် သင်ကိုယ်တိုင်လည်း ထိုသို့မလုပ်ပါနှင့်။ သင်သည် စံပြဖြစ်ရမည်ကို သတိရပါ။)

  • ကားမောင်းခြင်းနှင့် ကားအသုံးပြုမှုကို စည်းကမ်းများနှင့်ကန့်သတ်ချက်များသတ်မှတ်ပါ။ သင့်ဆယ်ကျော်သက်သည် ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် ဆင့်စာရခြင်း သို့မဟုတ် မတော်တဆမှုတစ်ခုဖြစ်ခြင်းရှိပါက၊ အကျိုးဆက်များရှိရမည်။ သင့်ကလေး စည်းကမ်းများကိုမလိုက်နာပါက ကားမောင်းခြင်းသည် ရုပ်သိမ်းနိုင်သည့် အထူးအခွင့်အရေးတစ်ခုဖြစ်သည်။ ကားမောင်းနေစဥ် သောက်စားခြင်းနှင့် မူးယစ်ဆေးသုံးခြင်းသည် အန္တရာယ်များကြောင်း သင့်ကလေးကို ပြောထားပါ။

  • သင့်ကလေးအား မူးယစ်ဆေးဝါးများ၊ အရက်၊ လိင်နှင့်အခြားအန္တရာယ်များသည့်အပြုအမူများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကောင်းများချရန် သင်ကြားပေးပါ။ ဘေးကင်းကင်းနေထိုင်ရေးနှင့် ရွယ်တူချင်းဖိအားကိုကိုင်တွယ်ရေးအတွက် မဟာဗျူဟာများချမှတ်ရန် အတူတကွလုပ်ဆောင်ပါ။ သင့်ဆယ်ကျော်သက်သည် သင့်အား အမြဲအကူအညီတောင်းနိုင်ကြောင်း သူသိပါစေ။

  • သေနတ်ကို မကိုင်စေရန် သင့်ဆယ်ကျော်သက်ကို သင်ကြားထားပါ။ သင့်တွင် ကိုယ်ပိုင်သေနတ်ရှိလျှင် ကျည်မထိုးထားဘဲ သော့ပိတ်ထားသည့်နေရာတွင် ထားထားပါ။ ကျည်ဆံများကို သီးခြားနေရာတွင် သော့ခတ်ထားပါ။

 

ဆေးစစ်မှုများနှင့် ကာကွယ်ဆေးများ

သင့်တွင် ကိုလက်စထရောများသည့်မိသားစုရာဇဝင် အခိုင်အမာရှိလျှင် သင့်ဆယ်ကျော်သက်၏ သွေးတွင်းကိုလက်စထရောကို ထိုသို့သွားရောက်ချိန်တွင် စစ်ဆေးရနိုင်သည်။ ရောဂါထိန်းချုပ်ခြင်းနှင့်တားဆီးကာကွယ်ခြင်းစင်တာ (CDC) ၏ အကြံပြုချက်များအရ ယခုတစ်ကြိမ်လာရောက်ပြသမှုတွင် သင့်ကလေးသည် အောက်ပါကာကွယ်ဆေးများ ထိုးခံရနိုင်သည်၊

  • ဦးနှောက်ဖုံးအလွှာရောင်ခြင်း

  • တုပ်ကွေးရောဂါ (ဖလူ)၊ နှစ်စဉ်

  • COVID-19

 

ဆိုရှယ်မီဒီယာနှင့် အမြဲအဆက်အသွယ်မပြတ်နေပါ။

စိတ်ကစားတတ်သည့်ဤအရွယ်တွင် ဆယ်ကျော်သက်များသည် သူငယ်ချင်းများနှင့် ပို၍ “အဆက်အသွယ်” ရှိတတ်ကြပြီး—တချို့သည် လူချင်းပင်မမြင်ဖူးသည့်လူများဖြစ်တတ်သည်။ ဆိုရှယ်မီဒီယာကို တာဝန်ရှိရှိအသုံးပြုတတ်ရန် သင့်ဆယ်ကျော်သက်ကို သင်ပေးခြင်း၊

  • ဆဲလ်ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာနှင့် အင်တာနက်အသုံးပြုခြင်းကို ကန့်သတ်ထားပါ။ ဝက်ဘ်ဆိုက်ရာဇဝင်များနှင့် ဆဲလ်ဖုန်းအသုံးပြုပုံများကို စစ်ဆေးပြီး ဘာအတွက်သုံးလဲသိရအောင် လုပ်နိုင်ကြောင်းကို သင့်ဆယ်ကျော်သက်ကို သတိပေးထားပါ။ မသင့်တော်သည့်ဝက်ဘ်ဆိုက်များကို မဝင်နိုင်စေရန် မိဘဆိုင်ရာ ထိန်းချုပ်မှုများနှင့် စကားဝှက်များကို အသုံးပြုပါ။ သင့်ကလေး၏သူငယ်ချင်းများသာ မြင်နိုင်သည့် ကိုယ်ရေးလုံခြုံမှုလျှို့ဝှက်ဆက်တင်များကို ဝက်ဘ်ဆိုက်များတွင် ထားထားပါ။

  • အွန်လိုင်းတွင် ကိုယ်ရေးအချက်အလက်များပေးခြင်းက အန္တရာယ်များကြောင်း သင့်ကလေးကို ရှင်းပြပါ။ သင်၏ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းပေါ်ရှိသူငယ်ချင်းကို ဖုန်းနံပါတ်များ၊ လိပ်စာ၊ ဓာတ်ပုံ သို့မဟုတ် တခြားကိုယ်ရေးအချက်အလက်များ မပေးရန် သင်ကြားထားပါ။

  • အင်တာနက်ပေါ်တွင် သူတို့”ပြော”လိုက်သည်များသည် စိတ်မချရကြောင်းကို သင့်ကလေးသေချာနားလည်ပါစေ။ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ တစ်တော့နှင့် တွစ်တာကဲ့သို့ ဝက်ဘ်ဆိုက်များပေါ်တွင် ပို့စ်များသည် လူအများမြင်နိုင်ပါသည်။ ထိုပို့စ်များကို နားလည်မှုလွဲသွားနိုင်ပြီး သင် သို့မဟုတ် သင့်ဆယ်ကျော်သက်အတွက် ဒုက္ခဖြစ်စေနိုင်ပါသည်။ သင့်ဆယ်ကျော်သက်၏ ဆိုရှယ်မီဒီယာ၊ ဆဲလ်ဖုန်းနှင့် အင်တာနက်အသုံးပြုပုံကို ကြီးကြပ်စစ်ဆေးပါ။

 

စိတ်ဓာတ်ကျသည့်လက္ခဏများကိုသိရခြင်း

အသက် 8 နှစ်မှ 18 နှစ်အထိကလေးများကို စိတ်ပူပန်လှုပ်ရှားမှုအတွက် ဆေးစစ်ရန် ပညာရှင်များက အကြံပြုထားသည်။ အသက် 12 နှစ်မှ 18 နှစ်အထိကလေးများကိုလည်း စိတ်ကျခြင်းအတွက် ဆေးစစ်ရန် သူတို့ကအကြံပြုထားပါသည်။ သင့်ကလေးပြုစုစောင့်ရှောက်သူသည် လိုအပ်သလို တခြားဆေးစစ်ခြင်းများပြုလုပ်ရန် အကြံပြုနိုင်သည်။ သင့်ဆယ်ကျော်သက်ပြုမူနေပုံနှင့်ပတ်သက်ပြီး စိတ်ပူပန်မှုများရှိလျှင် သင့်ကလေးပြုစုစောင့်ရှောက်သူနှင့် ပြောဆိုဆွေးနွေးပါ။

ဆယ်ကျော်သက်များသည် ဟော်မုန်းပြောင်းလဲမှုရလဒ်အဖြစ် လွန်ကဲသည့် စိတ်အပြောင်းအလဲများရှိခြင်းသည် ပုံမှန်ဖြစ်သည်။ ၎င်းသည် ကြီးပြင်းလာမှု၏တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။ သို့သော် တစ်ခါတရံ ဆယ်ကျော်သက်၏စိတ်အပြောင်းအလဲများသည် ပိုကြီးမားသည့် ပြဿနာ၏ လက္ခဏာရပ်များဖြစ်တတ်သည်။ သင့်ဆယ်ကျော်သက်သည် 2 ပတ်ထက်ပို၍စိတ်ဓာတ်ကျပုံရပါက စိုးရိမ်သင့်သည်။ စိတ်ဓာတ်ကျသည့်လက္ခဏာများတွင်ပါဝင်သည်မှာ၊

  • မူးယစ်ဆေးများ သို့မဟုတ် အရက်သုံးစွဲမှု

  • ကျောင်းနှင့်အိမ်ရှိ ပြဿနာများ

  • မကြာခဏ ထွက်ပြေးသည့်ဖြစ်ရပ်များ

  • မိသားစုနှင့်သူငယ်ချင်းများအား ခပ်ခွာခွာနေခြင်း

  • စားခြင်း သို့မဟုတ် အိပ်စက်ခြင်းအလေ့အထများတွင် ရုတ်တရက်ပြောင်းလဲမှုများ

  • လူတကာနှင့်လိင်ဆက်ဆံခြင်း သို့မဟုတ် မရည်ရွယ်ဘဲကိုယ်ဝန်ရခြင်း

  • ရန်လိုသည့်အပြုအမူ သို့မဟုတ် ဒေါသူပုန်ထခြင်း

  • ဘဝတွင် ပျော်ရွှင်မှုမရှိခြင်း

စိတ်ဓာတ်ကျနေသည့် ဆယ်ကျော်သက်များကို ကုသမှုဖြင့်ကူညီနိုင်သည်။ သင့်ကလေး၏ကျန်းမာရေးပြုစုစောင့်ရှောက်သူနှင့်ဆွေးနွေးပါ။ သို့မဟုတ် သင်၏ဒေသတွင်း စိတ်ကျန်းမာရေးစင်တာ၊ လူမှုရေးဝန်ဆောင်မှုအေဂျင်စီ သို့မဟုတ် ဆေးရုံနှင့် စစ်ဆေးပါ။ သူတို့၏နာကျင်မှုက သက်သာနိုင်ကြောင်း သင့်ဆယ်ကျော်သက်ကို သေချာစွာပြောပါ။ သင်၏ချစ်ခြင်းမေတ္တာနှင့် ပံ့ပိုးမှုကိုပေးပါ။ အကယ်၍ သင့်ဆယ်ကျော်သက်သည် သေခြင်း သို့မဟုတ် အဆုံးစီရင်ခြင်း သို့မဟုတ် သူတို့ကိုယ်သူတို့ သို့မဟုတ် တခြားသူများကို အန္တရာယ်ပြုရန် အကြံအစည်များရှိလျှင် အခုပဲ အကူအညီရယူလိုက်ပါ။ 988 ကို ခေါ်ပါ သို့မဟုတ် စာပို့ပါ။ အမျိုးသားအဆုံးစီရင်မှုကြိုတင်တားဆီးကာကွယ်ရေးဘဝလမ်းကြောင်းရှိ လေ့ကျင့်ထားသည့် ပဋိပက္ခကိုင်တွယ်ဖြေရှင်းသူ အကြံပေးများနှင့် သင့်ကို ချိတ်ဆက်ပေးလိမ့်မည်။ www.suicidepreventionlifeline.org တွင်လည်း အွန်လိုင်းက စကားပြောဆိုနိုင်ပါသည်။ Lifeline သည် 24/7 အခမဲ့ရနိုင်သည့် နေရာြဖစ်သည်။

 

Powered by Krames by WebMD Ignite
About StayWell | Terms of Use | Privacy Policy | Disclaimer