Health Encyclopedia
Search Clinical Content Search Health Library
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

အဝတ်အစားဝတ်ခြင်းအတွက် ညွှန်ကြားချက်များ၊ သင့်အဝတ်အစား လဲခြင်း

သင်သည် ခန္ဓာကိုယ်တွင် ချုပ်ရိုးများ၊ အပ်ချုပ်ရိုးများ၊ ခွဲစိတ်သုံးအထူးတိပ်များ၊ ချုပ်ရိုးကပ်ကော်များဖြင့် အိမ်ပြန်လာရသည်။ ၎င်းပစ္စည်းများသည် သင့်ချုပ်ရိုးစေ့သွားရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး သွေးမထွက်စေရန်နှင့် ချုပ်ရိုးအမြန်ကျက်စေရန် အထောက်အကူပြုသည်။ သင့်ချုပ်ရိုးကို သန့်ရှင်းရာတွင် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူ၏လမ်းညွှန်ချက်များကို လိုက်နာရန် အရေးကြီးသည်။ အောက်ပါတို့မှာ သင့်ချုပ်ရိုးကျက်ရာတွင့် အကူအညီပေးနိုင်သည့် အကြံပြုချက်တချို့ဖြစ်သည်။

အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

  • သင့်အလုပ်လုပ်မည့်နေရာကို သန့်ရှင်းပါ၊
    • အိမ်မွေးတိရစ္ဆာန်များကို တခြားအခန်းသို့ ထည့်ပါ။
    • သင့်အလုပ်လုပ်မည့်နေရာကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးပါ။
    • မျက်နှာပြင်ပေါ်တွင် သန့်ရှင်းသည့် အဝတ် သို့မဟုတ် စက္ကူကို ဖြန့်ခင်းပါ။
    • သင် ချောင်းဆိုလိုသည့်အခါ သို့မဟုတ် နှာချေလိုသည့်အခါ အဆိုပါခင်းထားသည့် နေရာမှ ဝေးဝေးမှာ လုပ်ပါ။
  • သင့် သုံးမည့်ပစ္စည်းများကို စုဆောင်းပါ၊
    • သင့်အနာအတွက် ထည့်မည့် ဆေးထုပ်များ
    • အနာဆေးမည့် ဆေးရည်များ (သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူမှ ဆေးညွှန်းပေးထားလျှင်)
    • ကတ်ကြေးတစ်လက် (ဆပ်ပြနှင့်ရေသုံးပြီး ဆေးကြောပါ)
    • ဆေးပါသည့်တိပ်
    • တစ်ခါသုံး လက်အိတ် (2 စုံ)
    • သန့်ရှင်းသည့် အမှိုက်အိတ် (သင့်လက်မဆေးခင် ထိုအိတ်ကို ဖွင့်ထားပါ)
  • သင့်လက်များကို ဆေးကြောပေးပါ။
    • ဆပ်ပြာအရည်ကို သုံးပါ။
    • အမြှုပ်ထွက်သည်အထိဆေးပြီး စက္ကန့် 20 အထိ ပွတ်တိုက်ပါ။
    • သင့်လက်ချောင်းများနှင့် လက်သည်းများကြားသို့ သေချာစွာ ပွတ်တိုက်ပါ။
    • သင့်လက်ချောင်းများကို အောက်သို့စိုက်ထားပြီးနောက် သန့်ရှင်းသည့် ရေဖြင့်လောင်းဆေးပါ။
    • သင့်လက်များခြောက်သွားအောင်နှင့် ရေပိုက်ခေါင်းကို ပိတ်ရန် သန့်ရှင်းသည့် စက္ကူကို သုံးပါ။
  • သင် ဆေးထည့်မည့်ပစ္စည်းများကို ပြင်ဆင်ထားပါ၊
    • ဆေးထည့်ထားသည့် အထုပ်များအစွန်းကို ဆွဲဖြဲပါ။ ဆေးရည်ထည့်သည့် ခွက်များထဲသို့ ဆေးရည်များ လောင်းထည့်ပါ။
    • ဆေးထည့်နေရာထက် တိပ်တစ်ခုစီကို 4 လက်မပိုရှည်ရှည် ဖြတ်ပါ။
  • ဆေးအဟောင်းများကို ဖယ်ပါ၊
    • ပထမဆုံး တစ်ခါသုံး လက်အိတ်တစ်စုံ ဝတ်ပါ။
    • အနာပေါ်တွင်ကပ်ထားသည့် တိပ်ဟောင်းကို ချုပ်ရိုးအတိုင်း ညင်သာစွာ ခွာပါ။ တစ်ကြိမ်မှာ 1 ခါသာ ခွာပါ။ ၎င်းတို့ကို ပလတ်စတစ်အိတ်ထဲသို့ ချက်ချင်းထည့်ပါ။
    • သင့်လက်အိတ်ကို ချွတ်ပြီး ထိုပလတ်စတစ်အိတ်ထဲသို့ ချက်ချင်းထည့်ပါ။ သင့်လက်များကို ဆေးကြောပေးပါ။
    • လက်အိတ်အသစ်တစ်စုံ ဝတ်ပါ။
  • ချုပ်ရိုးကို သန့်ရှင်းပြီး ဆေးထည့်ပါ၊
    • ချုပ်ရိုးကိုဆေးပြီး သန့်ရှင်းကာ ညွှန်ကြားထားသည့်အတိုင်း ဆေးအသစ်ထပ်ထည့်ပါ။
    • ထိုသုံးပြီးသားပစ္စည်းများအားလုံးကို ပလတ်စတစ်အိတ်ထဲသို့ ထည့်ပါ။ နောက်ဆုံး လက်အိတ်ကို ချွတ်ပြီး ၎င်းကိုပါ ထိုပလတ်စတစ် အိတ်ထဲသို့ ထည့်ပါ။ ပလတ်စတစ်အိတ်ကို ပိတ်ပြီးနောက် အမှိုက်ပုံးထဲသို့ ထည့်ပါ။
    • သင့်လက်များကို ထပ်ပြီးဆေးကြောပါ။

ဒဏ်ရာကိုပိတ်ခြင်းအတွက် ပြုစုစောင့်ရှောက်မှုများ

သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူက သင့်ကိုတခြားနည်းလမ်းများ မပြောထားလျှင် အောက်ပါ ညွှန်ကြားချက်များကို လိုက်နာပါ၊

  • ချုပ်ရိုးများ သို့မဟုတ် အပ်ချုပ်ရိုးများ။ ၎င်းတို့ ခြောက်သွားသည်အထိထားရန်မလိုတော့လျှင် အနာကို အထက်မှာဖော်ပြထားသည့် လမ်းညွှန်ချက်များအတိုင်း နေ့စဥ် သန့်ရှင်းပါ။ ပထမဆုံး ပတ်တီးကို သန့်ရှင်းသည့် လက်များဖြင့် ဖြည်ပါ။ ထို့နောက် အနာတစ်ဝိုက်ကို ဆပ်ပြာနှင့် သန့်ရှင်းရေဖြင့် လောင်းချပြီး ညင်သာစွာ ဆေးကြောပါ။ အနားတစ်ဝိုက်တွင်ရှိသည့် သွေးစသွေးန သို့မဟုတ် အနာဖတ်များကို တို့ပတ်အစိုဖြင့်ပွတ်ပြီး ဖယ်ရှားပါ။ သန့်စင်ပြီးနောက် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူက လိမ်းရန်ညွှန်ကြားထားသည့်အတိုင်း ပိုးသတ်ဆေးနည်းနည်းကို လိမ်းပါ။ ထို့နောက် ပတ်တီးအသစ်ဖြင့် စည်းပါ။
  • အသားကပ် ကော်။ သင့်အနာတွင် ထိုကော်ရှိနေလျှင် အရည်များ၊ လိမ်းဆေး၊ သို့မဟုတ် ခရင်တစ်ခုခု မထည့်ပါနှင့်။ ချွေးအလွန်အကျွံထွက်သည့် ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ပါ။ အနာကို နေရာင်မထိပါစေနှင့်။ ထိုကော်တစ်ဝိုက်ကို ကုတ်ခြင်း၊ ပွတ်ခြင်း သို့မဟုတ် ဆိတ်ခြင်း မလုပ်ပါနှင့်။ ကော်အပေါ်သို့ တိပ်ကို တိုက်ရိုက်မကပ်ပါနှင့်။ ထိုကော်ကို 5 ရက်မှ 10 ရက်အတွင်း ခွာသင့်သည်။
  • ခွဲစိတ်သုံးတိပ်။ အနာတစ်ဝိုက် ခြောက်သွေ့အောင်ထားပါ။ ၎င်းသည် စိုစွတ်နေလျှင် ထိုနေရာခြောက်သွေးသွားအောင် သန့်ရှင်းသည့်သဘက်ဖြင့် တို့ပါ။ ခွဲစိတ်သုံးတိပ်သည် ပုံမှန်ဆိုလျှင် 7 ရက်မှ 10 ရက်အတွင်း ကွာကျသည်။ 10 ရက်ကြာပြီးနောက် ကွာမကျလျှင် သင်ကိုယ်တိုင် မခွာခင် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ဆက်သွယ်ပါ။ သင့်ဘာသာ ခွာလို့ရလျှင် အစွန်မှနေ၍ ဖြည်းညင်းစွာ ဆွဲပြီး ခွာပါ။ ကပ်ပြီးကျန်နေသည့်အပိုင်းအစများအတွက် ဂွမ်းလုံးတစ်ခုပေါ် တွင်းထွက်ဆီ သို့မဟုတ် ခပ်ပျစ်ပျစ်အဆီတစ်ခုကို သုတ်ပါ။ ထို့နောက် တိပ်ကွာသွားသည်အထိ ညင်သာစွာပွတ်ပါ။

 

နောက်ဆက်တွဲ ပြုစုစောင့်ရှောက်မှုများ

ချုပ်ရိုးများ သို့မဟုတ် အပ်ချုပ်ရိုးများ မည်မျှကြာကြာထားသင့်ကြောင်း မေးရန် သင့်ကျန်းမာရေးပြုစု စောင့်ရှောက်သူကို ဆက်ပြီးမေးမြန်းပါ။ ချုပ်ရိုးကျက်စေရန် သို့မဟုတ် ညွှန်ကြားသည့်အတိုင်း အပ်ချုပ်ရိုးများကို ဖယ်ပါ။ အကယ်၍ တိပ်ကိုအသုံးပြုထားလျှင် ထိုတိပ်များသည် သူ့အလိုလိုကွာကျမသွားလျှင် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူ ထောက်ခံထားသည့်အတိုင်း သင်ကိုယ်တိုင် ခွာပါ။ အသားကပ်ကော်ကို အသုံးပြုထားလျှင် ထိုကော်သည် သူ့အလိုလိုကွာကျသည်။ သင့်ချုပ်ရိုးများကို အိမ်တွင် ဂရုစိုက်ရန် သိလိုသည်များ သို့မဟုတ် စိုးရိမ်စရာများရှိလျှင် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ဖုန်းဆက်ပါ။

 

ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်မှုများရှာဖွေလိုလျှင်

သင့်တွင်အောက်ပါတို့မှ တစ်ခုခုဖြစ်လျှင် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ချက်ချင်းဖုန်းဆက်ပါ၊

  • ချုပ်ရိုးနေရာတစ်ဝိုက် ပိုပြီးနာကျင်ခြင်း၊ သွေးထွက်ခြင်း၊ နီရဲခြင်း၊ သို့မဟုတ် အနံဆိုးများထွက်လာခြင်း
  • အဖျား 100.4°F (38°C) သို့မဟုတ် ထိုထက်ပိုများခြင်း၊ သို့မဟုတ် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူ မှာသည့်အတိုင်း တိုင်းကြည့်ခြင်း
  • တုန်ခြင်း ချမ်းစိမ့်ခြင်း
  • အော့အန်ခြင်း သို့မဟုတ် မူးဝေခြင်း မပျောက်သေးလျှင်
  • ချုပ်ရိုးတစ်ဝိုက်တွင် ထုံခြင်း၊ အေးစက်ခြင်း၊ သို့မဟုတ် စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်း
  • ချုပ်ရိုးများ သို့မဟုတ် ဒဏ်ရာ ပွင့်ထွက်ခြင်း
  • ချုပ်ရိုးများ သို့မဟုတ် အပ်ချုပ်ရိုးများ ဟလာခြင်း သို့မဟုတ် ကျွတ်ထွက်ခြင်း
  • ချုပ်ရိုးကပ်အထူးတိပ်များသည် 7 ရက်မပြည့်မီ သို့မဟုတ် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူညွှန်ကြားထားသည့် ရက် မတိုင်မီ ကွာသွားလျှင်

 

Powered by Krames by WebMD Ignite
About StayWell | Terms of Use | Privacy Policy | Disclaimer