ကိုယ်ဝန်ဆောင်သွေးချိုဆိုတာ ဘာလဲ။

အစားကို မှန်ကန်စွာ စားခြင်းသည် သင်နှင့် သင့်ကလေးအတွက် သင့်သွေးတွင်းသကြားဓာတ်ကို စိတ်ချရသည့်အဆင့်တွင်ရှိစေရန် အထောက်အကူဖြစ်သည်။

ကိုယ်ဝန်ဆောင်သွေးချိုဆိုသည်မှာ ကိုယ်ဝန်လွယ်ထားရချိန်တွင် ဖြစ်တတ်သည့်သွေးချို ဖြစ်သည်။ ပုံမှန်အားဖြင့် အစာများကိုချေဖျက်လိုက်သည့်အခါ ၎င်းသည် သင့်သွေးကြောအတွင်းသို့ ရောက်ရှိမည့် သကြားဓာတ် (ဂလူးကို့စ်) အဖြစ်ပြောင်းသွားပေးသည်။ စွမ်းအင်အတွက် ၎င်းသကြားဓာတ်ကို သင့်ဆဲလ်များကို အသုံးပြုနိုင်ရန် အထောက်အကူပြုသည့် အင်ဆူလင်ဟုခေါ်သည့် ဓာတ်တစ်မျိုးကို သင့်ခန္ဓာကိုယ်က ထုတ်ပေးသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ခန္ဓာကိုယ်တွင် ဖြစ်ပေါ်သည့် အပြောင်းအလဲများသည် သင့်သွေးတွင်းသကြားဓာတ်ကို အလွန်အမင်းမြင့်တက်စေသည်။ ၎င်းသည် သင်ရော သင့်ကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်သည်။ သင့်သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန်နှင့် ဖြစ်နိုင်သည့် အန္တရာယ်များကို လျှော့ချရန် အဆင့်ဆင့်လုပ်ဆောင်နိုင်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုကို စီမံကိုင်တွယ်ခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုကို စီမံကိုင်တွယ်ခြင်းဆိုသည်မှာ သင် ကိုယ်ဝန်ဆောင်နေချိန်အတွင်း သင့်သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း ဖြစ်သည်။ သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သည့်အဖွဲ့သည် ထိုသို့ဖြစ်စေရန် အစီအစဥ်တစ်ရပ်ကို အတူတကွလုပ်ဆောင်ပြီး ကူညီပေးလိမ့်မည်။ ၎င်းအစီအစဥ်တွင် ပါဝင်မည့်အရာများမှာ၊

  • အစားကို မှန်ကန်စွာစားခြင်း။ အစားကိုမှန်ကန်စွာ စားသုံးခြင်းသည် သင့်သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန် အဓိကနည်းလမ်း တစ်ခုဖြစ်သည်။ သင်သည် အစားအစာအုပ်စုအားလုံးမှ အမျိုးအစားစုံလင်သည့် အစာများကို နေ့စဥ်စားသုံးရန် လိုအပ်သည်။ သင့်အစားအစာတွင် လိုအပ်နိုင်သည့် ထိုအပြောင်းအလဲများ အတွက် ကူညီပေးနိုင်ရန် သင်သည် မှတ်ပုံတင်ထားသည့် ဓာတ်စာပညာရှင်တစ်ဦးနှင့် အတူဆောင်ရွက်ရနိုင်ဖွယ်ရှိသည်။ ၎င်းသည် အစာနှင့်အာဟာရဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည်။ ဓာတ်စာပညာရှင်သည် မည်သည့်အစားအစာမျိုးက သင့် သွေးတွင်းသကြားဓာတ်ကို မည်သို့ အကျိုးသက်ရောက်လဲဆိုတာ သင်နားလည်အောင် ကူညီပေးနိုင်သည်။ သူသည် သင် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရမျှတသည့် စားသောက်ပုံအတွက် သင်လိုအပ်နေသည့် အရည်အချင်းကို သင်ပေးနိုင်သည်။
  • လေ့ကျင့်ခန်းလုပ်ခြင်း။ သင့်လေ့ကျင့်ခန်းလုပ်သည့်အခါ သင့်ကိုယ်ခန္ဓာသည် သွေးတွင်း သကြားဓာတ်ကို ပိုမိုသုံးစွဲရသည်။ သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သည့်အဖွဲ့က သင့်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းအမျိုးအစားကို ဆုံးဖြတ်ပေးပြီး လေ့ကျင့်ခန်းလုပ်ရန် အကောင်းဆုံးအချိန်ကိုလည်း ပြောပြပေးနိုင်သည်။
  • သင့်သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း။ သင့်သွေးတွင်းသကြားဓာတ်ကို သင့်အိမ်တွင်ပင် တစ်နေ့ 2 ကြိမ် သို့မဟုတ် ထိုထက်ပို၍ စစ်ဆေးရဖို့များသည်။ မည်သို့လုပ်ဆောင်ရမည်ကို သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သည့်အဖွဲ့က သင်ကြားပေးမည်။ သူတို့သည် သင်၏သွေးတွင်းသကြားဓာတ်အတွက် ရည်မှန်း ထားသည်များကို သင်နှင့်အတူ ဆွေးနွေး တိုင်ပင်လိမ့်မည်။ သင့်သွေးတွင်းသကြားဓာတ်ကို အပတ်စဥ် စစ်ဆေးခြင်း သို့မဟုတ် ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းများ ပြုလုပ်လိမ့်မည်။ သင့်သွေးတွင်းသကြားဓာတ်သည် အလွန်အမင်းများနေလျှင် ကိုယ်ဝန်ဆောင်ချိန်အတွင်း သင်သည် အင်ဆူလင်ထိုးရန် လိုအပ်ကောင်းလိုအပ်ပေမည်။

 

သင့်ကလေးအတွက် အန္တရာယ်များ

သင့်သွေးတွင်းသကြားဓာတ်ကို သင်မထိန်းချုပ်နိုင်လျှင် သင့်ကလေးတွင် အောက်ပါပြဿနာများကြုံရနိုင်ဖွယ် ပိုများသည်၊

  • သင့်ကလေးအလွန်အမင်း ထွားနေခြင်း။ သင့်သွေးတွင်းသကြားဓာတ်သည် အလွန်အမင်းများနေလျှင် သဘာဝအတိုင်း မွေးရန်အတွက် ကလေးငယ်သည် အလွန်အမင်းထွားကြိုင်း(သန္ဓေသားထွားခြင်း) နေသည်။ မွေးဖွားချိန် ထိခိုက်ဒဏ်ရာရခြင်းသည် ကလေးမီးဖွားချိန် အတွင်း ဖြစ်တတ်သည့် အဖြစ်ဆိုးတစ်ခုဖြစ်သည်။ ၎င်းသည် ကလေး၏ပခုံးသည် မိခင်၏ဆီးခုံရိုးနှင့် ညှပ်နေသည့် အချိန်တွင် ဖြစ်တတ်သည်။ ထိုသို့ဖြစ်ပွားလျှင် လက်မောင်းများနှင့် ပုခုံးများသည် ထိခိုက်ဒဏ်ရာရတတ်သည်။ လက်မောင်းတစ်သက်လုံး (ရာသက်ပန်) ထိခိုက်ပျက်စီးသည်အထိ ဖြစ်တတ်သည်။ ကလေးသည် အောက်ဆီဂျင်ပမာဏလည်းကျဆင်း (အောက်ဆီဂျင်နည်းပါးခြင်း) သွားနိုင်ပြီး ထိုသို့ထိခိုက်ဒဏ်ရာရခြင်းကို မပြင်ပေးလျှင် သွေးထဲအက်ဆစ် အဆမတန်များခြင်း ဖြစ်လာနိုင်သည်။ အောက်ဆီဂျင်နည်းပါးခြင်းကြောင့် ဦးနှောက်ကြီးသွက်ချာပါဒ ဖြစ်စေနိုင်သည်။ ရှားရှားပါးပါးဖြစ်ရပ်မျိုးတွင် ၎င်းသည် သေဆုံးသည်အထိ ဖြစ်နိုင်သည်။
  • မီးမဖွားခင် သင့်ကလေး၏ကိုယ်အင်္ဂါများသည့် အပြည့်အဝ ဖွံ့ဖြိုးဦးမည် မဟုတ်ပါ။ သင့်တွင် ဆီးချိုရှိလျှင် သင်သည် လမစေ့ခင်မီးဖွားရနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ဝန်ဆောင်ချိန် ပြဿနာများရှိခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် သင့် သို့မဟုတ် သင့်ကလေးအတွက် အန္တရာယ်ဖြစ်လာနိုင်ခြေ ရှိသောကြောင့်ဖြစ်နိုင်သည်။ သင်သည် လမစေ့ခင်မီးဖွားရလျှင် သင့်ကလေး၏ အဆုတ်များသည် ကောင်းကောင်းအလုပ်လုပ်ဦးမည် မဟုတ်ပါ။ ၎င်းကို အသက်ရှုမမှန်သည့်ရောဂါလက္ခဏာစု (RDS) ဟုခေါ်သည်။ သင့်ကလေး၏အသည်းလည်း အလုပ်လုပ်ပုံ မှန်မည်မဟုတ်ပါ။ ထို့အပြင် သင့်ကလေးသည် မွေးဖွားပြီးနောက် မျက်လုံးများ သို့မဟုတ် အရေပြားဝါခြင်း (အသားဝါခြင်း) ဖြစ်နိုင်သည်။
  • သင့်ကလေး၏သွေးတွင်းသကြားဓာတ်သည် မွေးပြီးနောက် နည်းကောင်းနည်းမည်။ သင့်သွေးတွင်းသကြားဓာတ်သည် အလွန်အမင်းများနေလျှင် သင်ကလေးသည် အင်ဆူလင်အပို ထပ်ထုတ်သည်။ ကလေးသည် မွေးဖွားပြီးနောက်တွင် အင်ဆူလင်အပိုကို ဆက်ပြီးထုတ်ပေးလိမ့်မည်။ ကလေးသည် သွေးတွင်းသကြားဓာတ်နည်းခြင်းအတွက် ကုသမှုခံယူရန် လိုအပ်ကောင်းလိုအပ်မည်။
  • သင့်ကလေးသည် အသေလေးမွေးဖွားလာနိုင်သည်။ ၎င်းသည် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည်။ သို့သော် သင့်သွေးတွင်းသကြားဓာတ်သည် အချိန်အတော်ကြာသည်အထိ ဆက်ပြီးများနေလျှင် သင့်ကလေးသည် မီးမဖွာခင်တည်းကပင် အသက်ဆုံးရှုံးနိုင်သည်။

 

သင့်အတွက် အန္တရာယ်များ

သင့်သွေးတွင်းသကြားဓာတ်ကို သင်မထိန်းချုပ်လျှင် သင်သည် အောက်ပါပြဿနာများ ကြုံရဖွယ်ရှိနိုင်သည်၊

  • သွေးဖိအားများခြင်း သင်ကိုယ်ဝန်ဆောင်ချိန် သွေးတွင်းသကြားဓာတ်များခြင်းသည် ကိုယ်ဝန်ဆောင်ချိန် သွေးဖိအားတက်ခြင်း (ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း) ခံစားရနိုင်ဖွယ် ပိုများသည်။ ၎င်းသည် သင် လမစေ့ခင် ကလေးမီးဖွားရတဲ့အထိ သင့်ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သည်။
  • ကူးစက်ခြင်းများ။ သွေးတွင်းသကြားဓာတ်များခြင်းကြောင့် သင်သည် ဆီးအိတ်၊ ကျောက်ကပ်၊ နှင့် မိန်းမကိုယ်တွင် ပိုးကူးစက်ခြင်းများကို ပိုပြီး ကြုံရနိုင်ဖွယ်ရှိသည်။
  • အသက်ရှုရခက်ခြင်း သင်သည် အသက်ရှုရမသက်သာခြင်း သို့မဟုတ် အသက်ရှု တိုတောင်းခြင်းများ ခံစားရနိုင်သည်။ သွေးတွင်းသကြားဓာတ်များခြင်းကြောင့် သင့်ကလေးတစ်ဝိုက်တွင် အရည်များအလွန်အကျွံ အိုင်ထွန်းခြင်းများ ဖြစ်နိုင်သည် (ရေမြွှာအိတ်အတွင်း ရေမြွှာအရည်များခြင်း)။ သင့် ဝမ်းဗိုက်လည်း ကြီးလာပြီး သင့်အဆုတ်ကို ဖိထားမည်။
  • မီးဖွားချိန် ကြာခြင်း။ သင့်မီးဖွားမှုသည် ပိုပြီးခက်ခဲနိုင်ပြီး ပြန်လည်နာလန်ထရန်လည်း အချိန်ကြာနိုင်သည်။ သင့်သွေးတွင်းသကြားဓာတ်သည် အလွန်အမင်းများနေလျှင် သင့်ကလေးသည် အလွန်အမင်းကြီးထွားနိုင်သည်။ ကလေးထွားခြင်းကြောင့် မီးဖွားချိန်အတွင်း သင့်ကို ထိခိုက်ဒဏ်ရာရနိုင်သည်။ သို့မဟုတ် သင့်ကလေးကို ဗိုက်ခွဲပြီး မွေးရန် လိုအပ်ကောင်း လိုအပ်ပေမည် (စီ-ဆက်ရှင်)။ အဓိပ္ပာယ်မှာ သင့်ဝမ်းဗိုက်နှင့် သားအိမ်တွင် ခွဲကြောင်းတစ်ခု (ဗိုက်ခွဲခြင်း) လုပ်ခြင်းဖြစ်သည်။ စီ-ဆက်ရှင်ဖြင့်မွေးဖွားရန်လိုအပ်ခြင်းသည် ကိုယ်ဝန်ဆောင် သွေးချိုတွင် အဖြစ်များသည့်အန္တရာယ်အကြီးဆုံးတစ်ခု ဖြစ်သည်။

 

နောင်တွင် သင်ခံစားရနိုင်ခြေရှိသည့် အမျိုးအစား 2 ဆီးချိုကို လျှော့ချခြင်း

ကိုယ်ဝန်ဆောင်သွေးချိုရှိသည့် အမျိုးသမီးများသည် အမျိုးအစား 2 ဆီးချို ဖြစ်နိုင်ခြေပိုပြီးများသည်။ ထိုသို့အန္တရာယ်ကို ကူညီပြီးလျှော့ချရန် သင်သည် အဝလွန်နေလျှင် ကိုယ်အလေးချိန်ကို လျှော့ချပါ။ တတ်နိုင်သလောက် တက်ကြွစွာနေပါ။ အသီးများနှင့်အရွက်များကို ပိုစားပြီး ပြုပြင်ဖန်တီးထားသည့် အစားများကို မဆိုစလောက်သာ စားပါ။ ထို့အပြင် သင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူမှ သင့်ဆီးချိုကို ပုံမှန်စစ်ဆေးပါစေ။ သင်သည် နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်တွင်ပင် ကိုယ်ဝန်ဆောင်သွေးချိုဖြစ်နိုင်ခြေ များဦးမှာြဖစ်ပါသည်။

 

ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်သူဖြစ်နိုင်လဲ။

ကိုယ်ဝန်ဆောင်ဆီးချိုသည် အောက်ပါအမျိုးသမီးများတွင် ပိုပြီးအဖြစ်များနိုင်ခြေရှိသည်၊

  • အဝလွန်သူများ
  • မျိုးရိုးတွင် ဆီးချိုရှိသူများ
  • မီးမဖွားခင် ကလေးသေဆုံးသွားရသည့် သူများ
  • ဟိုအရင်က ကိုယ်ဝန်ဆောင်ဆီးချို ရှိခဲ့ဖူးသူများ
  • လက်တင်သူ၊ အာဖရိကန်အမေရိကန်သူ၊ အမေရိကန်အိန္ဒိယသူ၊ တောင် သို့မဟုတ် အရှေ့အာရှသူ သို့မဟုတ် ပစိဖိတ်ကျွန်းသူများ